Friday, 10 April 2009

အိမ်ရှင်မ ၂

မနက်က အိပ်ရာနိုးတော့ မနက် ၆ နာ၇ီ . ရုံးပိတ်ရက်ကို မျက်လုံးက အလိုက်မသိစွာ ဆက်အိပ်လို့ မရ . ဟိုလှိမ့် ဒီလှိမ့် ပြန်အိပ်ဖို့ ဘယ်လိုပင် ကြိုးစားသော်လည်း မရတော့တာနဲ့  အိပ်ရာထပြီး ဈေးဝယ်ရမယ်ဆိုတာ သတိရတယ်. အိမ်ကလူတွေလာတော့မယ်ဆိုတော့ လိုအပ်တဲ့ ဆန် ၊ ဆီ ၊ ဆား ၊ ဆပ်ပြာ ဘာညာ သာရကာပေါ့လေ . ဒါတွေ ၀ယ်ဖြည့်ရမယ် . ပြီးတော့ အိမ်ရှေ့ မှာ ကုတင်ဆင်ရမယ် ၊ မွေ့ ယာလှန်းရမယ် ... ခေါင်းထဲမှာ တသီတတန်းကြီး ပေါ်လာပါလေရော .

ဒါနဲ့ မနက်စာကို မြန်မာဆိုင်မှာ မုန့် ဟင်းခါးစားမယ်ဆိုပြီး ဆိုင်ရောက်တော့ မုန့် ဖတ်မရသေးပါတဲ့ . ဒါနဲ့  နန်းကြီးသုတ်မှာစားလိုက်ပြီး ဈေးဝယ် ပြန်လာတော့ လူက ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေပြီ . အထုပ်ခဏချ နားအုံးမှ ဆိုပြီး လူက ကုတင်ပေါ်သာရောက်နေတယ် . စိတ်တွေက ပြေးနေတာ . ဘုရားပန်းမေ့လာတယ် . အ၀တ် နောက်တစ်သုတ် လျှော်ရအုံးမယ် . ကြက်သားကို ဘယ်လိုချက်ရမယ် . မချက်သေးတာက ဆား နနွင်း နယ်ပြီး သိမ်းရမယ် . အရွက်က ဘယ်အရွက်ကြော်ရမယ် ဘယ်အရွက်သိမ်းရမယ် . ကုတင်ဆင်ဖို့  အိမ်ရှေ့ ကို နေရာ လုပ်ရမယ် . ကုလားထိုင်တွေ ဘယ်လို အစီအစဉ် ချရင် အဆင်ပြေမလဲ . စတဲ့ စတဲ့ အတွေးတွေက မရပ်ဘူး . ပြေးနေတာ .....

နှလုံးက ဒုတ် ဒုတ် ဒုတ် ဒုတ် ခုန်နေတာ မနားဘူး . ရင်ထဲမှာ ကတုန်ကယင်နဲ့  . ကိုယ့်ဘာသာကိုယ် ပြန်တွေးလိုက်ချိန်မှာ တော်တော် လန့် သွားတယ် . ငါက လူသာ ကုတင်ပေါ်မှာ စိတ်က မနားပါလား . မတွေးနဲ့ မတွေးနဲ့  . ခဏလေး ငြိမ်ငြိမ်လေး မတွေးဘဲ နားလိုက် . ဒါဆို နှလုံးခုန်တာ သက်သာသွားလိမ့်မယ် . ကိုယ့်ဘာသာကိုယ် ဖြေရတာ . ၀င်လေ ထွက်လေ လေး ကြိုးစားမှတ်ပြီးနေတယ် . မှတ်နေရင်း တန်းလန်းနဲ့  ဘယ်အချိန်ရှိပြီလဲ . ဗိုက်များ ဆာနေကြပြီလား . ထမင်းအိုးက ကျက်လောက်ပြီ . ခလုတ်ပိတ်ဖို့ သတိရကြမှာ မဟုတ်ဘူး . ငါ ထအုံးမှ ဆိုပြီး အတွေးတွေက ပြန်ဝင်လာပြန်ရော .

အမလေး လေး ... ဘာဆက်လုပ်ရမှန်းတောင် မသိတော့ဘူး . အရင်က မေမေ နေမကောင်းဖြစ်တာတွေ ၊ တခါတလေ သူ တအား စိတ်ညစ်ပြီး ဘုရားမှာ သွား သွား ထိုင်တတ်တာတွေ ၊ ကျွန်မတို့ ကို ဟိုဟာထား ထားပြန်ပြီ ၊ ဒီဟာချ ချပြန်ပြီ ဆူတတ်တာတွေကို အခုမှ ကောင်းကောင်းကြီး ကိုယ်ချင်းစာ နားလည်တော့တယ် .

လူရော စိတ်ရော နေလို့ ကောင်းနေချိန်မှာ ပြသနာ မဟုတ်ပေမယ့် အခုလို လူရော စိတ်ရော ပင်ပန်းပြီး ဒေါင်းနေချိန်မှာ နေ့ စဉ် မလုပ်မဖြစ် ၀တ္တရားတွေကို ဖြည့်နေရတာဟာ တော်တော်ကြီးမားတဲ့ စိတ်ဖိစည်းမှု တစ်ခုပါလားလို့ တွေးနေမိတယ် .