Thursday 15 March 2007

စိတ်ဓါတ် တကယ် ကျတယ်

စိတ်ဓာတ် တကယ် ကျတယ် . လဲပြိုသွားချင်စိတ်ကို မနည်း ထိန်းနေရတယ် . ဘ၀ ဆိုတာကို တခါတလေ မုန်းတီးတယ် . ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရဘူး ဆိုတာကို နားလည်ပေမယ့် အနှောင့်အယှက် အတားအဆီးတွေဟာ တကယ်ပဲ မောပန်းစေတယ် . ကိုယ်ဟာ ထွက်ပေါက် ပျောက်နေတဲ့ ဘ၀ရဲ့ သားကောင် ပါပဲ .

Friday 2 March 2007

ရပ်တည်ခြင်း

ပျော်ရွှင်မှု ဆိုတာ ဖန်တီးယူလို့ မရသလို ၀ယ်ယူလို့လည်း မရပါဘူး . ကိုယ့်ချစ်သူနဲ့ အတူ ရှိနေချိန်တိုင်းမှာ ပျော်ရွှင်တယ်ဆိုရင် အကောင်းဆုံးပဲ . ဒါပေမယ့် မပျော်ရွှင်ဘူး ဆိုတော့လည်း ဘာတတ်နိုင်မှာလဲ .. ကိုယ် ပေးနိုင်စွမ်းရှိသလောက် ပေးခဲ့ပြီးပြီပဲ . ဒီထပ် ပိုပြီး ကိုယ် မတတ်နိုင်တော့ဘူး ထင်တယ် .

ရည်မှန်းချက် ဆိုတာ လူတိုင်းမှာ ရှိနေတဲ့ ပန်းတိုင်တစ်ခုပါ .. ပါရမီဖြည့်ဖက် မဖြစ်နိုင်ရင်တောင် အကောင်းဆုံး အဖော်အဖြစ် ရပ်တည်ပေးချင်ပါတယ် ..