Friday 10 April 2009

အိမ်ရှင်မ ၂

မနက်က အိပ်ရာနိုးတော့ မနက် ၆ နာ၇ီ . ရုံးပိတ်ရက်ကို မျက်လုံးက အလိုက်မသိစွာ ဆက်အိပ်လို့ မရ . ဟိုလှိမ့် ဒီလှိမ့် ပြန်အိပ်ဖို့ ဘယ်လိုပင် ကြိုးစားသော်လည်း မရတော့တာနဲ့  အိပ်ရာထပြီး ဈေးဝယ်ရမယ်ဆိုတာ သတိရတယ်. အိမ်ကလူတွေလာတော့မယ်ဆိုတော့ လိုအပ်တဲ့ ဆန် ၊ ဆီ ၊ ဆား ၊ ဆပ်ပြာ ဘာညာ သာရကာပေါ့လေ . ဒါတွေ ၀ယ်ဖြည့်ရမယ် . ပြီးတော့ အိမ်ရှေ့ မှာ ကုတင်ဆင်ရမယ် ၊ မွေ့ ယာလှန်းရမယ် ... ခေါင်းထဲမှာ တသီတတန်းကြီး ပေါ်လာပါလေရော .

ဒါနဲ့ မနက်စာကို မြန်မာဆိုင်မှာ မုန့် ဟင်းခါးစားမယ်ဆိုပြီး ဆိုင်ရောက်တော့ မုန့် ဖတ်မရသေးပါတဲ့ . ဒါနဲ့  နန်းကြီးသုတ်မှာစားလိုက်ပြီး ဈေးဝယ် ပြန်လာတော့ လူက ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေပြီ . အထုပ်ခဏချ နားအုံးမှ ဆိုပြီး လူက ကုတင်ပေါ်သာရောက်နေတယ် . စိတ်တွေက ပြေးနေတာ . ဘုရားပန်းမေ့လာတယ် . အ၀တ် နောက်တစ်သုတ် လျှော်ရအုံးမယ် . ကြက်သားကို ဘယ်လိုချက်ရမယ် . မချက်သေးတာက ဆား နနွင်း နယ်ပြီး သိမ်းရမယ် . အရွက်က ဘယ်အရွက်ကြော်ရမယ် ဘယ်အရွက်သိမ်းရမယ် . ကုတင်ဆင်ဖို့  အိမ်ရှေ့ ကို နေရာ လုပ်ရမယ် . ကုလားထိုင်တွေ ဘယ်လို အစီအစဉ် ချရင် အဆင်ပြေမလဲ . စတဲ့ စတဲ့ အတွေးတွေက မရပ်ဘူး . ပြေးနေတာ .....

နှလုံးက ဒုတ် ဒုတ် ဒုတ် ဒုတ် ခုန်နေတာ မနားဘူး . ရင်ထဲမှာ ကတုန်ကယင်နဲ့  . ကိုယ့်ဘာသာကိုယ် ပြန်တွေးလိုက်ချိန်မှာ တော်တော် လန့် သွားတယ် . ငါက လူသာ ကုတင်ပေါ်မှာ စိတ်က မနားပါလား . မတွေးနဲ့ မတွေးနဲ့  . ခဏလေး ငြိမ်ငြိမ်လေး မတွေးဘဲ နားလိုက် . ဒါဆို နှလုံးခုန်တာ သက်သာသွားလိမ့်မယ် . ကိုယ့်ဘာသာကိုယ် ဖြေရတာ . ၀င်လေ ထွက်လေ လေး ကြိုးစားမှတ်ပြီးနေတယ် . မှတ်နေရင်း တန်းလန်းနဲ့  ဘယ်အချိန်ရှိပြီလဲ . ဗိုက်များ ဆာနေကြပြီလား . ထမင်းအိုးက ကျက်လောက်ပြီ . ခလုတ်ပိတ်ဖို့ သတိရကြမှာ မဟုတ်ဘူး . ငါ ထအုံးမှ ဆိုပြီး အတွေးတွေက ပြန်ဝင်လာပြန်ရော .

အမလေး လေး ... ဘာဆက်လုပ်ရမှန်းတောင် မသိတော့ဘူး . အရင်က မေမေ နေမကောင်းဖြစ်တာတွေ ၊ တခါတလေ သူ တအား စိတ်ညစ်ပြီး ဘုရားမှာ သွား သွား ထိုင်တတ်တာတွေ ၊ ကျွန်မတို့ ကို ဟိုဟာထား ထားပြန်ပြီ ၊ ဒီဟာချ ချပြန်ပြီ ဆူတတ်တာတွေကို အခုမှ ကောင်းကောင်းကြီး ကိုယ်ချင်းစာ နားလည်တော့တယ် .

လူရော စိတ်ရော နေလို့ ကောင်းနေချိန်မှာ ပြသနာ မဟုတ်ပေမယ့် အခုလို လူရော စိတ်ရော ပင်ပန်းပြီး ဒေါင်းနေချိန်မှာ နေ့ စဉ် မလုပ်မဖြစ် ၀တ္တရားတွေကို ဖြည့်နေရတာဟာ တော်တော်ကြီးမားတဲ့ စိတ်ဖိစည်းမှု တစ်ခုပါလားလို့ တွေးနေမိတယ် .

Friday 27 March 2009

အိမ်ရှင်မ

အခုတလော ကျန်းမာရေး မကောင်းပါသဖြင့် ဘလောခ့် မရေးနိုင်ဘူး ဖြစ်နေတယ် . ဘယ်လိုဖြစ်တယ် မသိဘူး တရှောင်ရှောင်နဲ့ ဟိုက ဖြစ်လိုက် ဒီက ဖြစ်လိုက်နဲ့ ..

ဒီနေ့ ဆိုရင် အမ်စီ ယူပြီး အိပ်နေလိုက်တာ ခုမှ နိုးတော့တယ် . အိပ်ရေးတော့ တော်တော် ၀ သွားတယ် .

အခုတလော ကြည့်ဖြစ်နေတဲ့ ရုပ်ရှင်ကား တစ်ကားရှိတယ် . စလုံး ချန်နယ်က လာတာပေါ့လေ . Housewives holiday ဆိုတဲ့ ကားကလေး . အိမ်ထောင်ရှင်မတွေရဲ့  အကြောင်းကို ဟာသလေးတွေပါ ပါအောင် ရိုက်ထားတာပေါ့. သူတို့ မှာ မိသားစု အတွက် ကလေးအတွက်နဲ့  မအားရပေမယ့် ယောက်ျားတွေကတော့ အသီးသီး နောက်ကွယ်မှာ ကျိတ်ပုန်းခုတ်နေတာလေးတွေပေါ့လေ .

ကျွန်မ ကြည့်ပြီး စဉ်းစားမိတယ် . ရုပ်ရှင်ထဲမှာမို့ လို့ လားတော့ မသိဘူးပေါ့လေ . သူတို့ တွေမှာ မနက်ပိုင်း ဈေးဝယ်ရင်း အပြင်မှာ ကော်ဖီသောက် မနက်စာ တစ်ခုခုစား စကားထိုင်ပြောပြီးမှ အိမ်ပြန် ချက်ပြုတ်တယ်ပေါ့နော် . ကျွန်မတို့ နိုင်ငံက အိမ်ရှင်မတွေများတော့ မိုးလင်းရင် ဖုတ်ပူမီးတိုက် ဈေးဝယ် ၊ ပြီးရင် အိမ်ကို အပြေးပြန်လာပြီး လူကြီး အတွက် ကလေးအတွက် ထမင်းဗူးကို ပြင်ရတယ် . မနက်စာကိုတောင် ဟင်းချက်ရင်း တန်းလန်း မိုးတိုး မတ်တပ် နဲ့ ပဲ စားလိုက်ရတာ .

ပြီးရင်လည်း အိမ်ရှိ လူကုန် အကုန်ထွက်သွားပြီးဆိုရင် အိမ်ရှေ့  အိမ်နောက် အကုန် သန့် ရှင်းရေးလုပ်ရတယ် ၊ အ၀တ်လျှော် မီးပူတိုက် စတာတွေလဲ လုပ်ရတယ် . ညနေစာ အတွက်လည်း ပြင်ဆင်ချက်ပြုတ်ရပြန်တယ် . ဒါတင်ပဲလား ဆိုတော့လည်း မဟုတ်ဘူး . တခါတလေ စက်ချုပ် လက်ချုပ်အပြင် လူမှုရေးတွေမှာလဲ ပါရသေးတယ် .

အိမ်ထောင်ရှင်မ တွေရဲ့  အခန်း ကဏ္ဍ ဟာ တကယ်တော့ သိပ်အရေးကြီးပါတယ် . အိမ်မှာနေရတာပဲ ဆိုပြီး သက်တောင့် သက်သာ ဖြစ်နေတယ်လို့ တော့ မထင်လိုက်ပါနဲ့  . မိုးလင်း က မိုးချုပ် တလှုပ်လှုပ် နဲ့  လုပ်နေရတာ . ညနေပိုင်း အိမ်သားတွေ ပြန်လာပြီဆိုရင်လည်း ကိုယ်စီ ကိုယ်စီက အပြင်မှာ တွေ့ ခဲ့ရတာတွေကိုပဲ အလုပ်လို့ သတ်မှတ်ပြီး ကိုယ်သက်သာရာ ရှာကြတယ် . အိမ်ရှင်မတွေရဲ့  ခံစားချက်ကို နားလည်ပေးပြီး ကူညီပေးတယ်ဆိုတဲ့လူ တကယ်ရှားပါတယ် .

ဒီကြားထဲ သားသမီးတွေရဲ့ ပညာရေး နဲ့ လူမှုရေး တစ်ခုခု အလွဲအချော် ဖြစ်ရင် အိမ်ထောင်ဦးစီးနဲ့  တခြားလူတွေက လက်ညိုးထိုး အပြစ်တင်တာ ခံရတတ်သေးတယ် . အိမ်ထောင်ဦးစီးက နားလည်မှု ပေးတတ်သူဆိုရင်တော့ သက်သာရာ ရတာပေါ့လေ .

ဒါတွေဟာ ကျွန်မတို့ နိုင်ငံက အိမ်ရှင်မ ( အားလုံးကို မဆိုလိုပါ ) များ၏ ဘ၀ တွေပါပဲ .

Monday 16 March 2009

ပန်းပွင့်တွေ နှင့် ....

ကျွန်မ မှတ်မိသလောက် ကျွန်မတို့ အိမ် ပတ်ပတ်လည်မှာ ပန်းပင်တွေ အများကြီး ရှိတယ် . မှတ်မိသလောက်ပြောရရင် စံပယ် ၊ ဇီဇ၀ါ ၊ ဆောင်တော်ကူး ၊ ဆိပ်ဖလူး ၊ ကံ့ကော် ၊ သနပ်ခါးပန်း ၊ ပိန်းပန်း အစုံပဲ . အများစုကတော့ ပိန်းပန်းပင်တွေပေါ့ . လက်ညိုးထိုး မလွဲဘူး . နောက် ဒုတိယ အများဆုံးက ရွက်လှပင်ပါ . ရွက်လှပင်ကို ရှည်ရှည်တမျိုး ၊ တိုတိုတဖုံ ၊ အရွက်ကားကား ၊ အရွက်စုစု ၊ အရွက်နီနီ ၊ စိမ်းစိမ်း ၊ ၀ါဝါ အစုံပါပဲ .

ကျွန်မကတော့ စံပယ် နဲ့  ဇီဇ၀ါ ပန်းခြုံနားကို ခဏ ခဏ သွားဖြစ်တယ်. ကြိုက်တာကတော့ စံပယ်ပါ . ဒါပေမယ့် ဇီဇ၀ါ ပင်က ရောကာ ယှက်ကာ ပါနေတော့ ရှောင်လို့ မရဘူးပေါ့ . ပြီးတော့ နောက်ထပ်ရှောင်မရ အသည်းတယားယား ရှိရတာက ဇီဇ၀ါ ပင်ရဲ့  အရွက်တွေမှာ ကပ်နေတတ်တဲ့ ဘောက်ဖတ်တွေကိုပါ . ပန်းကလေး လှလို့ ခူးလိုက်ရင် ဘောက်ဖတ်ကြီး ပါပါလာပြီး ကျွန်မမှာ ကြက်သီးတွေထ ၊ ပန်းကိုပစ်ချပြီး ဆွေ့  ဆွေ့ ကို ခုန်နေတော့တာပဲ .

ကျွန်မ ဆိပ်ဖလူး ပန်းပင်ကိုလဲ အရမ်းကြိုက်ပါတယ် . သူ ပွင့်ရမယ့် ရာသီချိန် ရောက်လာပြီဆိုရင် အိမ်ရှေ့ က ပန်းရနံ့ ဟာ ကျွန်မတို့ အိမ်ခန်းထဲထိကို ရောက်လာပါတယ် . လိမ္မော်ရောင် ရိုးတံပေါ်မှာ ဖြူလွလွ ပွင့်ဖတ်လေးတွေဟာ သိပ်ကို ပနံသင့်လှပါတယ် . သဘာဝကပေးထားတဲ့ အလှတရား ၊ တခါတရံ နှင်းစက်ကလေး စိုစို နဲ့  သူ့ ခမျာ ချမ်းနေရှာမှာတောင် စိုးရိမ်မိပါရဲ့ ..

ပန်းပွင့်ချိန်ဆို မနက်စောစောထ ကျောင်းမသွားခင် ပန်းကောက်ရင်း ဆောင်တော်ကူးပန်းတွေလည်း တပါတည်း ခူးလို့ ရနေတတ်ပါတယ် . ဆောင်တော်ကူးပန်းရဲ့  ရနံ့ ကတော့ မခံနိုင်လောက်အောင် မွှေးတာပါပဲ . ကျွန်မကပဲ အမွှေးနံ့ စူးလွန်းလို့ မခံနိုင်တာ ဖြစ်ပါလိမ့်မယ် . အဲ့ဒါပေမယ့် ညပိုင်း လေသင့်တိုင်း အိမ်ခန်းထဲထိ ရောက်လာတတ်တဲ့ ဆောင်တော်ကူး ရနံ့ ကိုတော့ကျွန်မ ချစ်ပါတယ် .

ကံ့ကော်ပန်းကိုတော့ ပန်းမပွင့်ခင်က ကျွန်မ မကြိုက်ပါဘူး . သူ့ ရဲ့ အလှကို သေချာ မခံစားမိသေးတဲ့ အချိန်ဆိုတော့ တက္ကသိုလ် ရဲ့  အမှတ်တရ ပုံရိပ်တစ်ခုအဖြစ်သာ ထင်မှတ်ခဲ့ပါတယ် . ဒါပေမယ့် အိမ်က အပင်မှာ ပန်းပွင့်လို့  ပန်းပွင့်ကလေးကို အနီးကပ် မြင်လိုက်ရချိန်ကျမှ ကံ့ကော်ပန်းရဲ့ ရနံ့  နဲ့  အလှကို ကျွန်မ ကောင်းကောင်းကြီး ခံစားတတ်ခဲ့ပါတယ် .

ဝတ်မှုံနူးနူးညံ့ညံ့လေးတွေကို ၀န်းရံထားတဲ့ ဖြူလွလွ ပွင့်ဖတ်လေးတွေ ၊ ရင်ထဲ စွဲသွားလောက်အောင် သင်းသင်းလေး မွှေးတဲ့ ရနံ့ နဲ့  ပန်းပွင့်လေးနဲ့ မလိုက်အောင် အနည်းငယ် တောင့်တောင့်နိုင်သော ၊ ခပ်ထန်ထန် အထိအတွေ့ ရှိသော ကံ့ကော်ရွက်ဟာ ကျွန်မ အာရုံထဲကို အမြဲတမ်း တိုးဝင်လာတတ်ပါတယ်..

ခုအချိန်တွေးနေရင်းနဲ့ တောင် ကျွန်မ မှာကံ့ကော်ရနံ့ ရသလိုလို ၊ ဆိပ်ဖလူး ပန်းလေးတွေပဲ ကျွန်မနားကြွေကျလာသလိုလို ၊ ပွင့်လွှာ သုံးထပ် ရှိတဲ့ စံပယ်ပန်း အေးအေးလေး ရဲ့  လန်းဆန်း အေးမြတဲ့ အထိအတွေ့ လေးကိုပဲ ခံစားမိသလိုလို နဲ့  ကျွန်မ ဟာ ဟိုး.. အဝေးကြီးက ပန်းပင်တွေနားကို ရောက်ရှိသွားခဲ့ပါတယ် .

Saturday 14 March 2009

ငယ်တုန်းက ကျွန်မ .

ကျွန်မ ခုတလော မြန်မာစာ တွေ စားချင်နေမိတယ် . မြန်မာစာ ဆိုတာက မြန်မာမုန့် တွေကိုပြောတာပါ .

ကလေးတုန်းက ရပ်ကွက်ထဲတွေမှာ အထမ်းနဲ့ လိုက်ရောင်းတဲ့ အသည်တွေ ရှိသေးတယ် . နေ့ ခင်းဆိုရင် ပြောင်းဖူးပြုတ် ၊ ဒိန်ချဉ် ၊ ကောက်ညှင်းပေါင်း ၊ မုန့် ကြာစိ မုန့် ကျွဲသည်း ၊ မုန့် စိမ်းပေါင်း ၊ မုန့် လက်ကောက် အစရှိသဖြင့် အမျိုးစုံ လာလာရောင်းတယ် . ကျွန်မ တို့ အိမ်က အားပေးနေကြ မုန့် သည်ကတော့ ကောက်ညှင်းပေါင်း ၊ ဒိန်ချဉ် ၊ မုန့် ကြာစိ ၊ ပြောင်းဖူးပြုတ်ပါ . အိမ်မှာက ဖွားဖွား ရှိတဲ့ အချိန်တွေဆိုရင် ပိုပြီးစားရတယ်. ဖွားဖွားက တရားရိပ်သာ မှာပဲ နေတတ်ပြီး တစ်လမှ တခါလောက် အိမ်ပြန်လာတတ်သူပါ . ဖွားဖွား ပြန်လာချိန်ဆိုရင်တော့ ကျွန်မ ဗိုက်ကားတဲ့ အချိန်ပါပဲ . အခြားနေ့ တွေဆိုရင် မေမေ က တစ်နေ့ မှ တစ်မျိုးပဲ ၀ယ်ကျွေးပါတယ် . ဒါပေမယ့် ဖွားဖွားရှိတဲ့ အချိန်ဆိုရင်တော့ ဖွားဖွားစားသမျှ ကျွန်မက ကပ်စားလို့ ရနေတာကိုး .

အဲ့ဒီတုန်းက ဒိန်ချဉ်သည် အမကြီးက ကလေး ၂ ယောက် အမေ ၊ အသားညိုညို ပိန်ပိန်ကလေးပါ . သူက အမျိုးသမီးရောဂါရလို့ ဗိုက်ခွဲထားရသူ ၊ သူ့ ဆီက ဒိန်ချဉ်ဝယ်ရင် ကျွန်မ တို့ က အိုးကလေး တွေနဲ့ ကို ၀ယ်တတ်ပါတယ် . ဒါဆိုရင် သူက အဲ့ဒီ အိုးကလေးကို ဖွင့် အိုးအကြီးကြီးထဲက ဒိန်ချဉ်အချို့ အဆစ်ထည့်ပေးတတ်ပါသေးတယ် . ပြီးတော့ ကျွန်မက ထန်းလျက်ရည် များများ နဲ့ ချိုချိုလေး စားတတ်တဲ့ အတွက် ထန်းလျက်ရည်ကိုလဲ အမြဲ ပိုပေးတတ်ပါသေးတယ် . မေမေက သူမကို သနားလို့  တခါတရံ ကျွန်မ မတော်တော့တဲ့ အင်္ကျီ အဟောင်းလေးတွေ ၊ မေမေ မ၀တ်တော့တဲ့ အင်္ကျီ လုံချည် အဟောင်းလေးတွေကို သူမ အတွက်ဆိုပြီး စုစုထားပြီးပေးတတ်ပါသေးတယ် .

ကောက်ညှင်းပေါင်းသည် အဖွားကြီးကတော့ ဖွားဖွားနဲ့ ဆိုအသက် ၁၀ စု နှစ်တစ်ခုလောက်ကွာမယ် ထင်ပါတယ် . ဖွားဖွားနဲ့ စကားလက်စုံ ကျတတ်သူလဲ ဖြစ်ပါတယ် . သူတို့ က အဲ့ဒီအချိန်က မြို့ အစွန် ( ဒဂုံမြို့ သစ်လို နေရာမျိုးလားမသိ ဒါပေမယ့် အဲ့အချိန်က အဲ့လောက် လူမများသေး ) မှလာပြီး ကောက်ညှင်းပေါင်းရောင်းရတဲ့သူပါ . ရောင်းတဲ့ ကောက်ညှင်းပေါင်းဟာ အင်မတန်မှ စားကောင်းပြီး ကောက်ညှင်းသားလဲ နူးညံ့ပါတယ် . တခါတရံ ထိုအဖွားလာမရောင်းတဲ့ နေ့ မျိုးဆိုလျှင် အဖွား ၏ သမီးကြီး အပျိုကြီး က လာရောင်းတတ်ပါတယ် . သားအမိ နှစ်ယောက်စလုံး စိတ်ထားကောင်းပြီး ဈေးရောင်းတာ စေတနာ ပါသူများပါ . ကျွန်မတို့ အိမ်သားတွေက မြစ်ဝကျွန်းပေါ်ဘက်မှ လာသူများဆိုတော့ ငါးခြောက် ဆိုတာ အိမ်မှာပြတ်တယ် မရှိပါဘူး . ငါးရံ့ ခြောက် ၊ ငါးဖုတ်ပြားခြောက် ဆိုတာတွေကို ကြိုက်လဲ အလွန်ကြိုက်ကြပါတယ် . ကောက်ညှင်းပေါင်းပူပူလေးကို အိမ်မှာ အရံသင့်ရှိတဲ့ ငါးရံ့ ခြောက်ဖုတ် ဆီရွှဲရွဲလေးနဲ့ လွေးလိုက်ရရင်ဖြင့်... အခုပြန်တွေးရင်နဲ့ တောင် စားချင်လာပါပြီ . တခါတလေ မေမေက ငါးကျည်းကို ကြွတ်ကြွတ်လေး ကြော်ထားပြီး ကောက်ညှင်းပေါင်းနဲ့  တွဲစားတတ်ပါသေးတယ် . သောက်စရာကတော့ ရေနွေးကြမ်း သို့ မဟုတ် ကော်ဖီပေါ့လေ .

မုန့် လက်ကောက်သည် အမကြီးကိုတော့ အင်မတန် စကားများပြီး အတောင်းအရမ်းထူတတ်သူ အဖြစ် ကျွန်မ မှတ်မိနေပါတယ်. သူ့ ကို မေမေက သနားလို့ တစ်ခုပေးရင် သူက သူ့ မျက်စိဖြင့် မြင်နေရသော တချို့ ပစ္စည်းလေးများကို လက်ညိုးထိုးပြီး တောင်းတတ်ပါသေးတယ် . မေမေက တခါတရံ စိတ်တိုလာပြီဆိုရင် မျက်ခုံးလေး ကျုံ့ ရင်း ဒါ လက်ရှိသုံးနေတာဆိုပြီး စကားဖြတ်တတ်ပါတယ် . သူ့ ရဲ့ မုန့် လက်ကောက်ဟာလဲ စားလို့ အရမ်းကောင်းပါတယ် . မုန့် လက်ကောက်တစ်ကွင်း ဟာ ကျွန်မ လက်ထည့်လိုက်ရင်တော်တော်ကြီးကို ချောင်နေပါသေးတယ် . မုန့် နှစ်အထဲမှာ အပြည့်ပါတဲ့ ယခုခေတ်မုန့် လက်ကောက်များလို အထဲမှာ အခေါင်းပေါက်မဟုတ်တဲ့ မုန့် လက်ကောက်ကို ကျွန်မရော ဖွားဖွားရော အင်မတန် ကြိုက်ပါတယ် . ဒါပေမယ့် သူ့ မုန့် လက်ကောက်နဲ့ သူ ပေးတဲ့ ထန်းလျက်ရည် ကျွန်မ ဘယ်တော့မှ မလောက်ပါဘူး . ကျွန်မကပဲ ထန်းလျက်ရည်ကို အလွန်အကျွံကြိုက်တာ ဖြစ်ပါလိမ့်မယ် .

ပြောင်းဖူးပြုတ်ရောင်းသူ အဒေါ်ကြီးကတော့ ထောင်ထောင်မောင်းမောင်း ၀၀ဖိုင့်ဖိုင့်ကြီးပါ . နေပူထဲ ဈေးတောင်းခေါင်းရွက်သွားနေရသူဆိုပေမယ့် သူမ အသားအရည်ဟာ အရမ်းကြီးညိုမနေပါဘူး . သူ့ ရဲ့ ပြောင်းဖူးပြုတ်တောင်းကြီးကို ဖွင့်လိုက်ရင် အထဲမှာ ပူပူနွေးနွေး ပလို့ ပြောင်း ( မှန်ရဲ့ လားမသိ ) ၊ သကြားပြောင်း အစရှိသဖြင့် ပါလာတတ်ပါတယ် . ကျွန်မ မေမေနဲ့ ဖွားဖွားက အညိုရောင် ပြောင်းဖူးမျိုးကို ကြိုက်ပြီး ကျွန်မကတော့ သကြားပြောင်းမှ သကြားပြောင်းပါပဲ . အညိုရောင်ပြောင်းဖူးကို ကျွေးလျှင် သွားကြားညှပ်လို့ ကျွန်မ မစားတတ်ပါ . အခု အရွယ်ထိ ကျွန်မ မစားတတ်သေးပါ . သကြားပြောင်းလို့ ခေါ်တဲ့ အ၀ါရောင် လှလှ စီစီရီရီ ပြောင်းဖူးလေးတွေကိုပဲ ကျွန်မ နှစ်ခြိုက်စွာ စားသုံးနေတုန်းပါ . သူရွေးပေးတဲ့ အဖူးကို ဘယ်အဖူးရွေးရမှန်းမသိ ဗျာများနေတတ်တဲ့ ကျွန်မကို အဒေါ်ကြီးက ပြောင်းဖူးစေ့လေး တစ်စေ့စီ ချွေပေးပြီး စားကြည့်ခိုင်း စိတ်ကြိုက်ရွေးခိုင်းပါတယ် . ကလေးဆိုပြီး ဒါယူလို့ ထိုးပေးတာမျိုး မလုပ်ခဲ့ပါ .

ကျန်တဲ့ မုန့် သည်တွေကတော့ သိပ်ပြီး ခဏ ခဏ ၀ယ်စားလေ့မရှိပါ . စားဖြစ်ခဲ့ရင်လည်း အရမ်းကြီး မရင်းနှီးတဲ့ အတွက် ကျွန်မ မမှတ်မိနေပါဘူး . မှတ်မိနေတဲ့ အသည် နောက်တစ်ယောက်ကတော့ ခေါင်းလျှော်ရည်ရောင်းတဲ့ သားအမိပါ .

ကျွန်မတို့ ရပ်ကွက်ထဲကို တနင်္ဂနွေမနက် ၁၀ နာ၇ီ ပတ်ဝန်းကျင်လောက်ဆိုရင် တရော် ကင်ပွန်း ခေါင်းလျှော်ရည်ရောင်းတဲ့ အဖွားတို့ သားအမိလာပါတယ် . အဖွားက ကျွန်မ ဖွားဖွားနဲ့ အရွယ်တူပါပဲ . သူ့ သမီး ဆိုသူ အကြောင်းကို ကျွန်မမမှတ်မိတော့ပါဘူး . ဒါပေမယ့် အဲ့ဒီအချိန်က အသက် ၇၀ ကျော်နေပြီ ဖြစ်တဲ့ ဖွားဖွား နဲ့ ခေါင်းလျှော်ရည်သည် ဖွားဖွားနဲ့ ကို ယှဉ်ကြည့်ပြီး ကျွန်မ ခံစားရပါတယ် . ခေါင်းပေါ်မှာ အလေးအပင်ကြီး ထမ်းထားပြီး တစ်လမ်းဝင် တစ်လမ်းထွက် ၀မ်းစာအတွက် ခေါင်းလျှော်ရည်လိုက်ရောင်းရတဲ့ ကိုယ့်အဖွားနဲ့ ရွယ်တူ အဖွားကြီး ၊ ကျွန်မတို့ အိမ်ရှေ့ မှာ သူ့ အထမ်းကြီးချပြီး ခဏ နားရင်း ၀ယ်သူတွေကို ရောင်းနေတဲ့ သူ့ မျက်နှာမှာ မောပန်းခြင်း ၊ စိတ်ရှုပ်ထွေးခြင်း သောကတွေကို ငယ်သေးတဲ့ ကျွန်မ မဖတ်တတ်ခဲ့ပေမယ့် မှေးမှိန်နေတဲ့ မျက်ဝန်းရယ် ၊ စို့ နေတဲ့ ချွေးတွေရယ် ၊ မောပန်းစွာ အသက်ရှူနေတဲ့ ဖွားဖွားနဲ့ အသက်တူ သူမ ကို ကြည့်ပြီး ကျွန်မ ၀မ်းနည်းခဲ့ဖူးတယ် . ကျွန်မ အမြဲတမ်း သူ့ ဆီက ခေါင်းလျှော်ရည် ရယ် အုန်းဆီ ရယ် ကျွန်မ တို့ တစ်အိမ်လုံး သုံးဖို့  ၀ယ်ပေးရတယ် . တခါတလေတော့လည်း ကျွန်မ နဲ့ တူတူ မေမေ ပါ လိုက်ထွက်လာတတ်တယ် .

ခုဆိုရင် သူတို့ တွေ ရှိသေးလား ၊ တခြား အလုပ်ပဲ ပြောင်းလုပ်နေသလား ၊ ဒါမှမဟုတ် ကျွန်မ အငယ်တုန်းကလို ခုချိန်ထိ ခေါင်းရွက်ဈေးသည် အဖြစ်နဲ့  တစ်လမ်းဝင် တစ်လမ်းထွက် လိုက်ရောင်းနေတုန်းပဲလား . ကျွန်မရဲ့ မေးခွန်းတွေကို ကျွန်မ ကို ဖြေပေးမယ့်လူ မရှိဘူး .

Friday 13 March 2009

နှစ်ဦး အကြို .

တမြန်နေ့ က အလုပ်သွားဖို့ တိုက်ထဲက အထွက်မှာ ကိုယ်နဲ့ ရင်းနှီးတဲ့ ရနံ့ တမျိုး တိုးဝင်လာတယ် . လူက အရမ်း အလျင်လိုနေတာရယ် ၊ ပတ်ဝန်းကျင်က သဲသဲကွဲကွဲ မမြင်နိုင်သေးတာရယ်ကြောင့် သေသေချာချာ စဉ်းစားမနေနိုင်ဘဲ ရုံးကားစောင့်နေတဲ့ နေရာကို ဆက်လျှောက်သွားလိုက်တယ် .

ရုံးကအပြန် လမ်းအကူးမှာပဲ မနက်က ရနံ့ က ထပ်ပြီး တိုးဝင်လာတယ် . ပြီးတော့ ကားတစ်စင်း ဖြတ်သွားတိုင်း အ၀ါရောင် ပန်းကြွေတွေက လေရဲ့ နောက်ကို ဝှေ့ ကာ ၀ိုက်ကာ လိုက်သွားကြတယ် .

ဒါ ဘာရနံ့ ပါလိမ့်လို့ သိလိုက်ရချိန်မှာ ရင်ထဲမှာ လှိုက်ကနဲ ခုန်သွားတယ် . ပြီးတော့ ပျော်သွားတယ် . ချက်ချင်းလိုပဲ ၀မ်းနည်းခြင်းကိုပါတခါတည်း ခံစားလိုက်ရတယ် . ကျွန်မတို့ ရဲ့ နှစ်သစ်ကူး ရှေ့ ပြေး အကြို ၊ ကျွန်မတို့ မိန်းခလေးတွေရဲ့ ဆံကေသာထက်မှာ တစ်နှစ်မှ တစ်ခါသာ ပန်ခွင့်ရတဲ့ ပိတောက်ပန်းတွေပါလား . ပိတောက်ပွင့်ပြီဆိုတာ သိရတော့ နှစ်သစ်ကူး သင်္ကြန်ပွဲတော်လာတော့မယ်ဆိုတာကို တွေးပြီး ရင်ခုန် လှုပ်ရှားသွားရတယ် . ဒါပေမယ့် ကျွန်မ က ကျွန်မတို့ နိုင်ငံမှာ မဟုတ်ပြန်ဘူးလေ .

ဒီနှစ်ပါနဲ့ ဆိုရင် သင်္ကြန်မှာ ပွဲတော်ကို ပါဝင်ခွင့် မရတာ ၄ နှစ်ပြည့်သွားပြီ. လွမ်းတယ် သင်္ကြန်ရယ် ..

Friday 6 March 2009

ကျောင်းတက်ချိန်

အရိုးရဲ့ သီချင်းတစ်ပုဒ်ကို နားထောင်ပြီးတဲ့ ခဏ မှာ ကျွန်မရဲ့ စိတ်အစဉ်ဟာလည်း လွန်ခဲ့တဲ့ ၈ နှစ်တာ ကာလဆီသို့ ရောက်ရှိသွားခဲ့တယ် .

အဲ့ဒီတုန်းက ကျွန်မဟာ ပွင့်သစ်စ ပန်းကလေးလိုပါပဲ . ဥယျာဉ်မှူး ဖေဖေ မေမေ တို့ ရဲ့ ရေလောင်းပေါင်းသင်ပေးမှု နဲ့ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းကလေးဟာ အဖူးအငုံ ဘ၀ကနေပြီး ခုတော့ ပန်းကလေး တစ်ပွင့်အဖြစ်နဲ့ လှပသော ပန်းကလေးတွေအများကြီး ရှိရာ ပန်းခြံကြီးတစ်ခုထဲ ရောက်သွားခဲ့ပါတယ် .

တကယ်တော့ လူငယ်တစ်ယောက်အတွက် တက္ကသိုလ် နေ့ ရက်တွေ ဆိုတာ အရမ်းကိုပျော်စရာကောင်းပါတယ် . ကျွန်မက ရိုးရိုးမေဂျာကိုပဲ တက်ခဲ့ရသူဆိုတော့ ကျွန်မအတွက် စာကျက်ရတဲ့အလုပ်ဟာ အထက်တန်းကျောင်းကစာကို ကျက်ရတာလောက်တောင် မပင်ပန်းပါဘူး . နောက်ပြီး တချို့ ဘာသာတွေဆိုရင် ကျက်စရာမလိုဘဲ အကြောင်းအရာ သဘောတရားကိုနားလည်အောင်မှတ်သားပြီး ကိုယ့်နားလည်သလိုပြန်ချရေးလို့ ရတဲ့အတွက်ပိုလို့ တောင် စာ မပိပါသေးတယ် .

မိုးလင်းရင် ကျောင်းဝတ်စုံ မဟုတ်ဘဲ ကိုယ်ဝတ်ချင်ရာ အမြင်တင့်တယ်သော အ၀တ်အစားမျိုးကို ၀တ်သွားလို့ ရတာကလည်း စိတ်ကို အပြောင်းအလဲ တစ်ခုဖြစ်စေပါတယ် .

ကျောင်းမှာ သူငယ်ချင်းတွေစုမိရင် အတန်းတက် ၊ မတက်ချင်ရင် ကန်တင်းသွား ၊ မသွားချင်ရင် ကျောင်းပတ် ၊ မပတ်ချင်ရင် အေးအေးလူလူ ထိုင်ပြီး စာတိုင်ပင် တခါတလေတော့လည်း ရောက်တတ်ရာရာ ပေါက်ကရ ရှစ်သောင်း အစားအသောက်အကြောင်းလဲ ပါရဲ့ ၊ အ၀တ်အစား အကြောင်းလဲ ပါရဲ့ ၊ မင်းသား မင်းသမီး အကြောင်းလဲ ပါရဲ့  ၊ သရဲ ဗေဒင် သတင်း အတင်း အစုံပလုံ ပါးစပ်က အမြုပ်ထွက်မတတ် လုပြီး ပြောရတာလဲ အရမ်းကို ပျော်စရာကောင်းတဲ့ အချိန်လေးတွေပါပဲ . အဲ့ဒီလိုမှ အားမရသေးရင် ကျောင်းနဲ့ အနီးဆုံး သူငယ်ချင်း အိမ်ကိုသွားပြီး ကြာဇံချက် ၊ ကြေးအိုး ၊ ဆီချက် ၊ ကော်ရည်ခေါက်ဆွဲ တစ်ခု မဟုတ် တစ်ခု ချက်စားပြီး စာမလုပ်ဘဲ အခန်းအောင်း ဟေးလေးဝါးလား လုပ်နေရင်လဲ လူကြီးတွေက မဆူကြပါဘူး . အချိန်တန်လို့ အတန်းတက်ရင်ပြီးရောဆိုပြီး လွှတ်ထားပေးတာပဲ .

တခါတလေ အခြားမေဂျာက ကိုယ့်ကိုလာရစ်တဲ့ ကောင်လေးတွေကို မသိချင်ယောင်ဆောင် ပဲပေး အတန်းထဲ လက်ချာ လိုက်နေချင်ယောင်ဆောင်ရတာလဲ အခုအချိန်မှာ ပြန်တွေးရင် တော်တော် ရီစရာကောင်းပါတယ် . ကန်တင်းတကာ လိုက်ထိုင် ကောင်လေးတွေက ကြောင်ရင် ကိုယ့်မေဂျာအမှန်ကို မပြောဘဲ အကြောင်ရိုက် ၊ သူတို့ က ကန်တင်းအပြန်နောက်ကလိုက်လာရင် ကိုယ့်ပါးစပ်က ထွက်ချင်ရာ ထွက်ထားတဲ့ မေဂျာနဲ့ ကိုယ့်အဆောင်နဲ့ က တမျှော်တခေါ် . အဲ့ဒီတော့မှ ဂွတွေကျပြီး တချို့ ကိုလဲ ရုပ်တည်ကြီးတွေနဲ့ ဟောက်စားလုပ် ၊ တချို့ ကိုလည်း လူစု ခွဲပြီး မျက်လှည့်ပြ ၊ ဟိုက လည်ရင်တော့ မရဘူးပေါ့လေ . အူကြောင်ကြောင်ပုံစံလေး ဆိုရင်တော့ သေဖို့ သာပြင် ကိုယ်တွေက အုပ်စုကတောင့်တော့ အရူးလုပ်တော့တာပဲ .

ပြီးတော့ ကျွန်မ တို့ အုပ်စုက ဗရုတ်တွေချည်းပဲ ဆိုတော့ တစ်ယောက်တစ်မျိုးစီရယ် . ရည်းစား နှစ်ယောက် တပြိုင်တည်း ထားတဲ့ တစ်ယောက်ဆိုရင် နှစ်ယောက်ကို တစ်ရက်တည်း တစ်ချိန်တည်း ချိန်းမိလို့  ဟိုဘက်လှေကားထိပ်နဲ့  ဒီဘက်လှေကားထိပ်ကို ပြေးပြီး စကားပြောတယ် . ကျွန်မတို့ တွေက သူ့ အစား ဘုရားလည်း တမိရဲ့  ၊ စိတ်လည်း တိုပြီးသူ့ ကို ရိုက်ချင်ကြတယ် . သူ ကတော့ ခပ်တည်တည် မှင်သေသေ နဲ့  တစ်စိမှ ရုပ်မပျက်ဘူး .

တခါလည်း အတန်းမတက်ချင်တော့ ဆရာမလာခင် လစ်မယ်ဆိုပြီး ဆရာက ဒီဘက်လှေကားက လာမှာဆိုးလို့ ဟိုဘက်လှေကားထိ လျှောက်လိုက်ပါမယ်လေဆိုပြီး ဟိုဘက်ထိပ် လျှောက်တော့ တစ်ခန်းမှာ ပါချုပ် စာသင်နေတာ တွေ့ တာနဲ့ ကျော်မသွားရဲဘဲ အဲ့ဒီ အတန်းထဲ ကုပ်ချောင်းချောင်းနဲ့ ဝင် ၊ ခပ်တည်တည်နဲ့ လက်ချာ လိုက်ချင်ယောင်ဆောင်ကြတယ် . ခုပြန်စဉ်းစားကြည့်တော့ ကျော်သွားလည်း ရပါရဲ့ နဲ့ ပါချုပ်တော့ အသေကြောက်လို့ ကိုယ့်ကိုယ်ကို တွေးမိပြီး အသံထွက် ရီမိတယ် .

မိုင်နာသင်တဲ့ ဆရာမ တစ်ယောက်ဆို ကိုယ်တွေကို လက်လန်လို့  . အပျိုကြီး ဆရာမ ဆိုတော့ မျက်စိ စပါးမွှေးကလဲစူး ၊ ဒါပေမယ့် သူ့ မှာ ကိုယ်တွေကို ချစ်ကလဲ ချစ်ပြန် လက်ညိုးလေး တထောင်ထောင်နဲ့ နင်တို့ တွေ နင်တို့ တွေနော် ဆိုတိုင်း ကျွန်မ တို့ က တီချယ်ကလဲ ဆိုပြီး လက်ကိုဆွဲသူက ဆွဲ ၊ ခါးကို ဖက်သူကဖက် ၊ မွှေးမွှေးပေးသူကပေး ဆရာမ ဘာဆက်ပြောရမှန်းမသိအောင် တစ်အုပ်စုလုံး အနားဝိုင်းပြီး တီတီတာတာ လုပ်ကြတော့ တီချယ်မှာ ဘာမှ မပြောနိုင်ဘူး . ကျွန်မ တို့  မဟုတ်တာ လုပ်သမျှ သူ့ မှာ ထိုင်ကြည့်နေရတယ် .

ကျောင်းပြီးလို့  ဘွဲ့ ယူကြတဲ့ အချိန်မှာ သူငယ်ချင်းတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဟယ် နင်မျက်နှာကြီးက ဘယ်လို ၊ ခရမ်းချဉ်သီးလုံးကြီးနင့်ပါးပေါ် တင်လာတာလား ၊ အမယ် အမယ် မိန်းမ က မိန်းမ က ဆိုပြီး ထုံးစံ အတိုင်း နောက်ပြောင်နေကြပေမယ့် ကိုယ်စီရင်ထဲမှာတော့ ငါတို့ တွေ ဒါပြီးရင် ကိုယ်စီ လုပ်ငန်းခွင်ဝင်ကြရတော့မယ် . ဘယ်အချိန်ကြမှ ပြန်တွေ့ နိုင်မယ်မသိဘူး ဆိုပြီး ၀မ်းနည်းနေမိကြတယ် .

တကယ်ကိုပါပဲ. ဘွဲ့ ယူပြီးကတည်းက ကျွန်မတို့ တွေ တချို့ လဲ မိသားစု တွေ ရ ၊ တချို့ လဲ အလုပ်နဲ့  နယ်ရောက် ၊ ကျွန်မ အပါအ၀င် တချို့ တွေက ပြည်ပမှာ ၊ အားလုံးဟာ ကိုယ်စီ ကိုယ်စီ ကိုယ့်တာဝန်တွေ နဲ့ ကိုယ် ပိပြီး သူငယ်ချင်းတွေ အရင်လို မတွေ့ နိုင်ကြဘူး . ဒါပေမယ့် သူတို့ အားလုံးလဲ ကျွန်မလိုပဲ ဟိုအရင် ကျောင်းတက်ချိန်ကို လွမ်းနေအုံးမယ်လို့  ယုံကြည်နေမိပါတယ် .

Saturday 21 February 2009

Testing 1.

မနေ့ က ဆံပင် သွားညှပ်ဖြစ်တယ် . လူက ဆံပင်က ပါးရတဲ့ အထဲ ရှည်နေတော့ ညှင်းသိုးသိုး နဲ့  လူကြီးရုပ် ပေါက်နေတော့ ( နဂိုကတည်းက ရုပ်ရင့်တာ ဟုတ်ဘူး ဟိဟိ ) ညှပ်ပစ်လိုက်တယ် အေးရော . ခုတော့ ဂုတ်ထောက် လန်လန်လေး ဖြစ်သွားရော . ဆံပင်ညှပ်ဆိုင်က အမ က ဦးရေပြား ပရော်ပလန် ရှိတယ် . ဆံပင်တွေ ကျွတ်လွန်းတယ် ဆိုပြီး ( ကြာရင် ထိပ်ပြောင်တော့မယ် ပြောချင်ပုံရတယ် . အဟင့် ) Treatment ယူပါလားတဲ့ . ဘယ်နှခေါက်လဲတော့ မသိဘူး . အားလုံးပေါင်း Package ယူရင် ၅၂၂ ကျပ်တဲ့လေ . အမလေး ကတုံးသာ တုံးပစ်လိုက်တာ ကောင်းမယ် ထင်ပါတယ် . ဒါနဲ့  အင့် ဆိုပြီး စဉ်းစားအုံးမယ်လို့ ပြောလိုက်တယ် .

ပြီးတော့ ဆံပင်အရင်ညှပ်တယ် . ကိုယ့်ဟာကိုယ်လဲ ဆံပင်ကျွတ်တာတော့ သိပါတယ် . ပြီးတော့ ကိုယ်က ဆံပင်ကို တအား စုပြီး စည်း ထားတတ်တော့ ပိုဆိုးတာပေါ့နော် . ဒါနဲ့ ပဲ ဆိုင်က အမ ကို ကိုယ့်ဟာ ကိုယ် လုပ်လို့ မရဘူးလားဆိုပြီးတော့ မေးပြီး ဆေးခေါင်းလျှော်ရည် နဲ့  ပေါင်းတင်တဲ့ ဟာလိုမျိုး နှစ်ဗူး ၀ယ်လာခဲ့တယ် .. ဒီနေ့ က စပြီး စမ်းလုပ်ကြည့်အုံးမယ် .

Friday 13 February 2009

ချစ်သူ့  လက်ဆောင်

ဒီနေ့ က February 14 ၊ အနောက်နိုင်ငံကစလို့  ကမ္ဘာတစ်ဝှမ်းလုံး သတ်မှတ်ထားတဲ့ ချစ်သူများနေ့ ပေါ့ .

မနေ့ ကညကတည်းကိုက တချို့ ချစ်သူအတွဲတွေမှာ ပန်းစည်းလေးတွေ ကိုယ်စီ ကိုယ်စီ ကိုင်ပြီး အမ်အာတီမှာ bus car ဂိတ်မှာ Taxi Stand မှာ တိုးတိုး တိုးတိုး တစ်ဦး နဲ့ တစ်ဦး ကြင်ကြင်နာနာ ယုယုယယ နဲ့ တွေ့ နေရတယ် .

ကျွန်မ ဒီနေ့  ဂျီတော့ခ် ၀င်လိုက်တော့ သူငယ်ချင်းတွေက ကျွန်မကို ဘာအစီအစဉ် ရှိလဲ ဆိုပြီး လာလာမေးကြတယ် . ဒါနဲ့  သူတို့ ကို ရှိတယ် ညနေကျမှ Dinner သွားစားမယ်ဆိုပြီး သူတို့ ကိုလဲ ပြန်မေးဖြစ်တယ် .

ချစ်သူက ပြီးခဲ့တဲ့ အပတ်ထဲက ကျွန်မကို ဒီနှစ် Valentine Day အတွက် လက်ဆောင်ပေးထားပြီးသား . ကျွန်မတို့ နှစ်ယောက်ရဲ့  တတိယ အကြိမ်မြောက် Valentine Day လေးပေါ့ . ပထမဦးဆုံး နှစ်က နှစ်ယောက်စလုံး မွဲတေ နေကြတော့ နှစ်ယောက်သား အမှတ်တရ လက်ဆောင်မပေးဖြစ်ပဲ နေ့ လည်စာ ပဲ တူတူ စားဖြစ်တယ် .

ပြီးခဲ့တဲ့ နှစ်ကတော့ ကြားရက်ကြီး ဆိုတော့ နှစ်ယောက်သား မြို့ ထဲမှာ ချိန်းပြီး ကျွန်မကလဲ လက်ဆောင် ၀င်ဝယ် ၊ သူကလဲ လက်ဆောင် ၀င်ဝယ် နှစ်ယောက်သားတွေ့ လို့ လက်ဆောင်ဖလှယ်ကြချိန်မှာ အံ့သြစွာနဲ့ ပဲ ကျွန်မတို့ ရဲ့  စိတ်ကူးတွေ တူညီနေကြတာကို တွေ့ ရတယ် . ကျွန်မတို့ နှစ်ယောက်စလုံး MP3 အဖြူရောင်လေးတွေ ဆင်တူ ၀ယ်ဖြစ်တယ် .

ဒီနှစ်တော့ သူက ကျွန်မ ကို ကိုယ်တိုင်ရွေးခိုင်းပြီး လက်ဆောင်ပေးခဲ့တယ် . ဒီပို့ စ်လေး ရေးရင်းနဲ့ ချစ်သူကို တခါတည်းပဲ ကျေးဇူးတင်ကြောင်း ဒီနေရာလေးက အသိပေးပါရစေ ..



သူငယ်ချင်းတွေကို တခါတည်း ကြွားလိုက်တယ် . အမြင်ကတ်ကတ်နဲ့  သည်းခံကြပါနော် . :P

တောင်စဉ်ရေမရ အတွေးများ .

ဘာရယ်မဟုတ် မနက်က အိပ်ရာနိုးတော့ တွေးမိတာလေးပါ .

ကျွန်မ ငယ်ငယ်က ကျွန်မမေမေရဲ့  အ၀တ်အစားတွေ ၀တ်ခဲ့ရတယ် . မေမေ့ရဲ့ ထမီ ၊ မေမေ့ရဲ့  အကျီင်္တွေနဲ့ အပျိုလုပ်ခဲ့တာပေါ့လေ . ၈တန်း ၉တန်း ၁၀တန်းပေါ့ . မေမေ ၁၆ နှစ်သမီးလောက်က ၀တ်ခဲ့တဲ့ အ၀တ်အစားတွေဟာ ကျွန်မ ၁၆ နှစ် သမီး အထိ ၀တ်လို့ ရတုန်း . နောက်ပိုင်း အင်္ကျီတွေ မတော်တော့ မေမေ့ရဲ့  ထမီ တွေဟာ ကျွန်မခုချိန်ထိ ၀တ်လို့ ရနေတုန်းပဲ . အိမ်နေရင်းဆို ကျွန်မ ၀တ်ထားတဲ့ ထမီတွေမှာ ကိုယ့်ဘာသာကိုယ် ၀ယ်ချုပ်တာ တစ်ထည်မှမပါဘူး .


ကျွန်မတို့ ခု ၀တ်နေတဲ့ အ၀တ်အစားတွေများတော့ ကိုယ့်သမီးကို ပေးဝတ်ဖို့ မပြောနဲ့  ကိုယ့်ရဲ့ ညီအမတွေကိုတောင် ပေးလို့ မရဘူး . ကိုယ်ဝတ်နေတုန်းတင် ဟိုနေရာကပြဲ ဒီနေရာကပေါက် နဲ့ ..

အင်းး နောက်ပိုင်း ကိုယ့်သားသမီးတွေ ကိုယ့်အရွယ် ဖြစ်တဲ့အချိန်ရောက်ရင် ဘယ်လိုများနေမယ် မသိဘူးနော် .

Sunday 1 February 2009

ကျွန်မ တို့  အစာအိမ် အတွက် မနက်စာ

မနက်စာ စားခြင်းဟာ ကိုယ့်ရဲ့ အစာအိမ် ကို ဂရုစိုက်ခြင်း တမျိုး ဟု ကျွန်မ မြင်ပါတယ် .

အရင်က ကျွန်မ က မနက်စာ ဆိုရင် အဖတ်မစားဘဲ ကော်ဖီ တစ်ခွက်သောက်လိုက်ပြီး နေ့ ခင်း ထမင်းစားချိန်ကျမှ ထမင်းစားတတ်သူ တစ်ဦးပါ . ဒါပေမယ့် နောက်ပိုင်း ထမင်းစားချိန်တွေ နောက်ကျပြီး အစာအိမ် ဝေဒနာ ရလာတဲ့ အခါမှာ ဆရာဝန်မ က မနက်စာ စားပေးပါဟု ညွှန်ကြားချက်အတိုင်း ကျင့်ပြီး မနက်စာ စားခဲ့ပါတယ် .

စ စားစားချင်းမှာတော့ လူက ပျို့ ချင်သလို ၊ အန်ချင်သလို ဖြစ်ပါတယ် . နောက်ပိုင်း အကျင့်ရသွားတော့ မနက်စာ မစားရင် လူက ဗိုက်ဆာ ရင်တုန်ပြီး နေလို့ ထိုင်လို့ မကောင်းသလိုကို ဖြစ်လာပါတော့တယ် .

အမှန်တော့ မနက်စောစော မနက်စာ ပေါင်မုန့်  ဖြစ်ဖြစ် ၊ ကျွန်မတို့  အကြိုက် မုန့် ဟင်းခါး ၊ ကောက်ညှင်းပေါင်း တစ်ခုခု စားပေးလိုက်တာဟာ အထက်ကို ဆန်တက်လာတဲ့ ကိုယ်တွင်းမှာ ရှိတဲ့ လေကို အစာနဲ့ ဖိချလိုက်တဲ့ အတွက် လေအန်တာတို့ ၊ လေပျို့ တာတို့  ခုနောက်ပိုင်း မဖြစ်တော့သလောက် ရှားသွားတာကို ကျွန်မ သတိထားမိပါတယ် .

ဒီရောက်တော့ မနက်စာ မုန့် ဟင်းခါး ဘာညာ ၀ယ်ရခက်ပြီး ထမင်းကြော်လဲ ကျွန်မ က ပဲပြုတ်မပါရင် မကြိုက်တဲ့ အတွက် ညကကျန်အောင် ချက်ထားတဲ့ ထမင်းကြမ်းကို နွေး ပြီးရင် ဆီ ၊ ဆား အနည်းငယ်ထည့် နယ်ပြီး အပေါ်မှာမြေပဲလေး ဖြူးစားလိုက်တာပါပဲ . အများကြီး စားတာမျိုးလဲ မဟုတ်ပါဘူး . ပန်းကန်လုံးလေး တစ်လုံးစာ လောက် လုပ်ပြီး စားလိုက်တာပါ . ပြီးတော့မှ ကိုယ်လုပ်စရာ ရှိတဲ့ အိမ်မှု ကိစ္စ ၊ မီးဖိုချောင် ကိစ္စတွေကို ဆက်လုပ်ပါတယ် .

သူငယ်ချင်း တို့ လဲ မနက်စာ စားကျင့် မရှိရင် ကျင့်ပြီး မနက်စာလေး စား စားပေးဖို့ အကြံပေးချင်ပါတယ် ရှင် .

Friday 30 January 2009

ကျွန်မ ၏ Gtalk မှ ...............

ဒီနေ့  Gtalk ရှင်းလင်းရေး လုပ်ပါတယ် .

Gtalk ရှင်းလင်းရေး ဆိုတာ က ကျွန်မ ရဲ့  Gtalk Account ထဲမှာ ရှိနေသော တချို့  ID များကို Blocked လုပ်ပစ်တာကိုပြောတာပါ .

ကျွန်မကလဲ ကျွန်မပါပဲ . သူ့ ဟာသူ ဒီအတိုင်း ထားလဲ ရရဲ့ သားနဲ့ မျက်စိထဲမှာ ရှုပ်လွန်းတယ် ထင်လို့ ပါ . (မိတ်တော့ ပျက်တော့မှာပဲ ဟီးဟီး )

ဘယ်သူတွေကို Blocked လုပ်တာလဲ ဆိုတော့ Gmail Account နှစ်ခု သုံးခု လေးငါးခု အခု နှစ်ဆယ်လောက်ဖွင့်ပြီး ရှိသမျှ အကောင့်နဲ့ ကျွန်မ ကို လာ Add ထားသော သူများ ၊ အလကားရလို့ ဖွင့်တာ ပြသနာ မရှိပါဘူး . ကျွန်မ ကလဲ သူတို့  Password တွေ ကူမှတ်ပေးရတာမှမဟုတ်တာ . သို့ ပေမယ့် ရှိသမျှ အကောင့်နဲ့ လာအက်ထားတော့ သူတို့  အကောင့် တွေ ၀င်ထားရင် ကျွန်မဖက်မှာ မြင်နေရတာ စိတ်ထဲ ကလိ ကလိ ဖြစ်လွန်းလို့  သူတို့  ရဲ့  ခပ်စိပ်စိပ် အမြဲတမ်းနီးပါး သုံးတဲ့ ID ကို ချန်ပြီး ကျန်တာတွေ Blocked လိုက်တယ် .

နောက်တစ်ခါ ကျွန်မ ကို Add ထားပြီး စကားမပြောဖြစ်သော ၊ လုံးဝ နီးပါး မပြောသော ၊ ခိုင်းစရာ ရှိမှ လာခေါ်တတ်သော ID များကို Blocked လိုက်ပါတယ် . ဒါတော့ တော်တော် စိတ်ချမ်းသာတယ် . မဟုတ်ရင် လာလာခိုင်းတာ အောင့်သက်သက်နဲ့ လုပ်ပေးနေရတယ် . ကိုယ်က သွားနှုတ်ဆက်ရင် ( ခိုင်းမလို့ မဟုတ်ပါ ) ၀တ်ကျေ တန်းကျေ တောင် ပြန်မပြောနိုင်လောက်အောင် Busy နေသော သူများမို့  Blocked လိုက်ပါတယ် .

အိုးးးးးးးးးးးးးးးးးးးးး ကျွန်မ ဟာ တော်တော် အပေါက်ဆိုးပြီး ပေါင်းရ သင်းရ ခက်သော ၊ အင်မတိ အင်မတန် လက်ပေါက်ကပ်သော သူကြီးပါလားနော် .

မြန်မာ ထမင်းဆိုင်

ဒီနေ့  မနက်စောစော ထပြီး PolyClinic ကိုပြေးရတယ် . ဆေးခန်းလဲ ပြရင်း သွေးလဲ စစ်ရင်း ဆိုပါတော့ .

ဆေးရုံ ဆေးခန်း လူစည်တတ်တယ် ဆိုတာ တကယ်ပဲနော် . ဆရာဝန်နဲ့ ပြဖို့ လဲ စောင့် ၊ သွေးစစ်တော့လဲ စောင့် ၊ ပိုက်ဆံချေတော့လဲ စောင့် . မနက် ၈ နာရီမတိုင်ခင်က ဆေးခန်းရောက်တယ် . အိမ်ကိုပြန်ရောက်တော့ ၁၁ နာ၇ီ ခွဲနေပြီ .

ထားပါတော့ ကျွန်မ ပြောချင်တာက အဲ့ဒါ မဟုတ်ဘူး . ထုံးစံ အတိုင်း လိုရင်း မရောက်ဖြစ်တော့မယ် .

ကျွန်မ တို့  အိမ်နားမှာ မြန်မာဆိုင် နှစ်ဆိုင် ရှိတဲ့ အကြောင်း ကြော်ငြာ ချင်လို့ ပါ . ပထမ တစ်ဆိုင်က တိုက်နံပါတ် ၃၂၅ မှာ ရှိပြီး ဆိုင် နာမည်က ကံကောင်း ပါတဲ့ . ဒုတိယ တစ်ဆိုင်ကတော့ တိုက်နံပါတ် ရှာတာ မတွေ့ လို့  ရှာလို့ လွယ်အောင်ပြောရရင် မြန်မာ ကုန်စုံဆိုင် ဖြစ်တဲ့ ကောင်းစုံ ရှိတဲ့ တိုက်ပဲ ဖြစ်ပါတယ် . ဆိုင်နာမည်က ရွှေမန္တလေး ပါတဲ့ . နှစ်ဆိုင်စလုံး ကလန်းမန်းတီး အမ်အာတီမှာ ဆင်းပြီး ညာဘက်ကို ထွက် လမ်းလျှောက်ရင် ရောက်ပါတယ် . ဆိုင်လေးတွေက နဲနဲ သေးတော့ ရှာရတာ နဲနဲတော့ လက်ဝင်တာပေါ့နော် . အတွင်းကို သေချာလှမ်းကြည့်မယ် ဆိုရင်တော့ မြင်ရပါတယ် .

နှစ်ဆိုင် စလုံး ဆက်ဆံရေးကောင်းတဲ့ အပြင်ကို ချက်ထားတာလဲ မဆိုးပါဘူး . ကံကောင်းက အိမ်ချက်နဲ့ တူပြီး ရွှေမန္တလေးကတော့ ဆိုင်ချက် အရသာ ထွက်ပါတယ် .

ဒီနေ့ မနက် ရွှေမန္တလေးမှာ ကျွန်မ မုန့် ဟင်းခါး စားလာတာ ကောင်းပါတယ် . ငါးများပြီး အရသာက လေးလေးပင်ပင် ရှိပါတယ် . ထမင်းစားကြည့်တော့လဲ ဟင်းတွေ အရသာ မဆိုးတာကို တွေ့ ရပါတယ် .

Blog ကြွလာမိတ်သဟာ တို့  Clementi ဘက်များ ရောက်ခဲ့မယ် ဆိုရင် ၊ မြန်မာဟင်း ထမင်းလေးလဲ စားချင်စိတ်ရှိတယ် ဆိုရင် စားလို့ ရအောင် ညွှန်လိုက်ပါတယ် ရှင် .

Thursday 29 January 2009

Dragon Fruit OR နဂါးမောက်သီး


်
စိတ်ထဲမှာ တစ်ခုခု စားချင်သလို ဖြစ်တာနဲ့  ဘာစားရမလဲ စဉ်းစားတော့ အသီးတစ်ခုခု တော့ စားမယ်လို့  ဆုံးဖြတ်မိတယ် . ဒါနဲ့ ဘာရှိလဲ ဆိုပြီး ရှာတော့ တရုတ်နှစ်ကူး လက်ကျန် လိမ္မော်သီး တွေနဲ့  Dragon Fruit လို့ ခေါ်တဲ့ နဂါးမောက်သီး ကို သွားတော့တယ် . ဒါနဲ့ ပဲ နဂါးမောက်သီးကို ( အမှန်တော့ ဘယ်လို စားရမယ်မှန်း မသိဘူး အရင်က ခွဲပြီး အဆင်သင့်ပဲ စားဖူးတာလေ ) ဟို အကိုကြီး ကိုဘိုက် အဲ့လေ ကိုဘွိုင်းဇ် သင်ပေးထားတဲ့ အတိုင်း ထိပ် နှစ်ခုကို ဖြတ်ချလိုက်ပြီး အလယ်ကနေ ခွဲ ၊ ပြီးတော့ အခွံ လေးကို လက်နဲ့ အသာလေး တွန်းလိုက်တာ တစ်ခုလုံး ကွာကျလာရော . စိတ်ထဲမှာ အလဲ့ တယ်ဟုတ်ပါလားပေါ့ . ကိုယ့်ဟာကိုယ်ဆို မခွာတတ်လို့ အဲ့ဒါကို ကြိုးစားပမ်းစား ဓါးနဲ့ လှီးနေအုံးမှာလေ . ရှော်တာက အဲ့လို.. ပြီးတော့ မှာ တခါစားရုံ အတုံးလေးတွေ လှီး ပန်းကန်ထဲ ထည့်ပြီးတော့ ကွန်ပြူတာရှေ့ ကို ယူလာလိုက်တယ် .

ပါးစပ်ထဲတစ်တုံးကောက်ထည့်လိုက်တာ ချဉ်လိုက်တာ .. ကိုဘွိုင်းဇ် သင်ပေးထားတဲ့ အတိုင်း နီနီလေးတော့ ရွေးတာပဲ ကော . ကိုယ်မရွေးတတ်လို့ ပဲလား မသိဘူး . ချိုလဲမချိုဘူး . ( ဟီးဟီး လာဖတ်ပြီး ငါ့ကို ဆဲတော့မယ် ငါနဲ့ ဘာဆိုင်လို့ လဲ ဟ ဆိုပြီး ) မကောင်းကျောင်းပို့ ဆိုသလိုပေါ့ ကိုဘွိုင်းဇ် ရယ် . ဟဲဟဲဟဲ

ဒါနဲ့  စားသာ စားရ . ဘာကောင်းလဲ မသိဘူး ဆိုပြီး google မှာ သွားရှာပြီး ဖတ်ဖြစ်တယ် . ရေးထားတာတော့ အများကြီးပေါ့လေ . ကိုယ်ကတော့ ကိုယ်စိတ်ဝင်စားတာပဲ ဦးစားပေးဖတ်ပြီး အပေါ်က ပုံလေး ယူလာခဲ့တယ် .

Medicine
Dragon fruits reputedly improve eyesight and prevent hypertension. The seeds of the fruit supposed help in controlling blood glucose levels in people with non-insulin-dependent hyperglycaemic conditions (a kind of diabetes). It is also used to treat stomach and endocrine problems.

သူက အဲ့လို ရေးထားတယ် .. ဖတ်ရင်း ရေးရင်းနဲ့  စားလိုက်တာ တစ်လုံးလုံးကို ကုန်ရော . အဟိ .. အဆိပ်များဆို သေနေလောက်ပြီ.

Wednesday 28 January 2009

ကျွန်မ နှင့် MC .. MC နှင့် ကျွန်မ

ဒီနေ့ အိမ်မှာ ဆေးခွင့် ယူပြီး နားနေတယ် . ရုံးပိတ်ရက်ဆက်နေလို့  အာဖျံကွီးလုပ်ပြီး ဆေးခွင့် ယူတယ်လို့ မထင်ကြပါနဲ့  . တကယ်ကြီး နေမကောင်းတာပါ . နေမကောင်းတဲ့ အကြောင်းက သိပ်တော့ ကြားမကောင်းဘူး .. အင်း ဒါပေမယ့် မထူးပါဘူးလေ . သူငယ်ချင်းတော်တော်များများလဲ လာလာမေးလို့ ဖြေနေတာနဲ့  အဟဲ .

ရုံးပိတ်ရက်တွေ တုန်းက အိမ်မှာ အုန်းနို့ ခေါက်ဆွဲချက် ငရုတ်သီးနဲ့ စား ၊ ပြီးတော့ ထမင်းစားရင်လဲ ငရုတ်သီးကို ရှယ်စား ၊ ရေမသောက်ပဲ အအေးတွေ နင်းကန်သောက် ၊ အပြင်သွားတော့ အပြင်အိမ်သာကို မတက်ချင်လို့  အိမ်ပြန်ရောက်တဲ့အထိ Control လုပ်ထားမိတဲ့ အကျိုးပေါ့လေ . အမှန်တော့ အင်္ဂါနေ့ တည်းက ဖြစ်ချင်နေတာ . အဲ့ဒါကို ဂရုမစိုက်ဘဲ အအေးချည်းသောက်နေတဲ့ အပြင် ရေခဲမုန့် လေးတောင် အဆစ်စားလိုက်သေးတယ် . မနေ့ က ရုံးတက်တော့ အပေါ့သွားတာ သိပ် မထွက်ချင်တော့ဘူး . ဒါနဲ့ ကြိုးစားပမ်းစား ရေကို သောက်ပါသော်ငြားလဲ မရတော့ဘူးလေ . မနေ့ ညနေ ရုံးဆင်းပြီး အိမ်ပြန်ရောက်ကတည်းက အိမ်သာကို ၅ မိနစ်တစ်ခါလောက် ၀င်လိုက် ထွက်လိုက်နဲ့  ဖြစ်နေတာ .

ဖြစ်ဖူးတဲ့ လူတွေကတော့ အဲ့ဒီ ဝေဒနာကို သိမယ် ထင်ပါတယ် . တော်တော် ခံရခက်တဲ့ ဝေဒနာပဲ . ဘယ်လို ပြောရမလဲ . ဟို ဓါတ်လိုက်လို့  လူက ကျင်တက်သွားသလိုလေ . အဲ့ဒါကို Slow motion နဲ့ ဖြစ်တာ . လက်ဖျားထိပ် ခြေဖျားထိပ်လေးတွေ အထိ လိုက်ကျင်သွားတာကို ကိုယ်က ခံစားလို့ ရနေတယ် .

ကျွန်မ ရည်းစားကို ဆေးခန်း အဖော်လိုက်ပေးဖို့ ခေါ်တော့ ကျေးဇူးရှင်က စနေတယ် . ဒေါသထွက်လိုက်တာလေ .. နင်မဖြစ်ဖူးဘူးလားဆိုတော့ ဟင့်အင်း မသိဘူး . မဖြစ်ဖူးဘူးတဲ့ . စိတ်ထဲက ဒင်း ဖြစ်ဖူးမှ သိမယ်လို့  . ရှေ့ မှာတော့ မပြောရဲဘူး . တော်ကြာ စိတ်ကောက်ပြီး နင့်ဟာနင် ဆေးခန်းသွားဆို ဒုက္ခ .

အဲ့ဒါနဲ့ ပဲ ဆရာဝန်က ဆေးခွင့်တစ်ရက်ပေးပြီး Antibiotic နဲ့  ဘာဆေးလဲ မသိဘူး ပေးလိုက်တယ် .. ပြီးတော့ ပြောလိုက်တယ် .. လုံးဝ လုံးဝ Control မလုပ်ပါနဲ့ တဲ့ . နင့်ဟာနင် ဘာပဲ လုပ်စရာ ရှိရှိ ချက်ချင်းသွားပါတဲ့ . ဒါနဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ ဆိုပြီး ဆေးခွင့် တစ်ရက် ယူပြီး ပြန်ထွက်လာခဲ့တယ် ..

ရည်းစားကတော့ ပြုံးစိ ပြုံးစိနဲ့  နင် အလုပ်ပြုတ်မယ်ဆိုပြီး စနေတယ် . အဲ့ဒါနဲ့ ပြုတ်တော့လဲ နောက်တစ်လုပ် ရှာလိုက်တာပေါ့ . ဆေးခွင့်ယူလို့ ပြုတ်မယ်ဆို ငါ့ရှေ့ မှာ အရင်ဖြုတ်မယ့်လူ တပုံကြီးပဲလို့  ..

Monday 26 January 2009

Sentosa သို့  အလည်တစ်ခေါက်

တရုတ်နှစ်ကူး ရုံးပိတ်ရက် ၂ ရက် ကို စနေ တနင်္ဂနွေ ခံပြီး ရလိုက်တော့ အားလုံးပေါင်း ပိတ်ရက် ၄ ရက် ဖြစ်သွားတာပေါ့ .
ပထမတော့ အိမ်ပြန်ချင်တာ . ဒါပေမယ့် ၄ ရက်ထဲ ပြန်ရင် မတန်တာနဲ့ ပဲ အိမ်မှာပဲ နေမယ်လေလို့ ဆုံးဖြတ်လိုက်တယ် .

စနေတစ်ရက်ပဲ နေလို့ ရပါတယ် . ဒါတောင် သူငယ်ချင်းတွေ လာတာမို့ လို့  အိမ်ထဲမှာနေဖြစ်သွားတာ . တနင်္ဂနွေ ညနေပိုင်း စထွက်တော့တာပဲ . မြို့ ထဲမှာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက် ဟိုဟာစပ်စုလိုက် ဒီဟာစပ်စုလိုက်နဲ့  အားအားယားယား လမ်းသလားပြီးမှပဲ အိမ်ပြန်လာဖြစ်တယ် .

မနေ့ ကတော့ တစ်နေရာရာတော့ သွားမဟယ် ဆိုပြီး စဉ်းစားလိုက်ကြတာ နောက်တော့ sentosa ကိုပဲ ရွေးဖြစ်သွားတယ် . စင်ကာပူ ရောက်တာ ကြာပြီ . sentosa ကို ရေဆင်းစိမ်ဖို့ လောက်သာ သွားဖူးတာကိုး . ဒါနဲ့  underwater world တို့ ဘာတို့ ညာတို့  ကြည့်မဟဲ့ ဆိုပြီး သူတို့ ရောင်းတဲ့ package တွေကို ကြည့်လိုက်ပြီး နံပါတ် ၉ ကို ရွေးဖြစ်တယ် . သူက underwater world ပါတယ် . နောက် sentosa cineblast ရယ် sentosa Luge & Skyride ပါတယ် . နောက် cable car က အသွားအပြန် ပေါ့ . တကယ်လို့  ဟိုဘက် ဆက်သွားချင်ရင် ဆက်စီးလို့ ၇တယ်ဆိုလား .. ပါသေးတယ် . မစီးခဲ့တော့ မသိတော့ဘူး . နောက်တစ်ခါ Dolphin Lagoon ကတော့ သူတို့ က package ၀ယ်လို့ အလကားပေးကြည့်တယ် .

အဲ့ဒါနဲ့ ပထမဆုံး cable car စီးပြီးတော့ sentosa ထဲဝင်တော့ အဲ့ဒီ အပေါ်မှာတင်ပဲ guide ဆိုပြီး တရုတ်လေးတစ်ရောက် ( စကားပြောလေသံအရ မလေးရှားတရုတ်ဟုထင် ) က လာပြီး သူနဲ့ လိုက်ခဲ့ပါ . သူ ရဲ့  group က နေ့ ခင်း ၁၂ နာရီမှာ ထွက်ပါမယ်တဲ့ . ဒါနဲ့ ခဏစောင့်ပြီး အားလုံး အယောက် ၃၀ နီးပါးရှိမလား မသိ . သူ ဦးဆောင်ရာ ကားဆီကို လိုက်စီးရင်း ပထမ ဦးစွာ underwater world ကို ပို့ ပေးပါတယ် . အထဲမှာ အတောင်ကားကားကြီးနဲ့  ငါးလဲ တွေ့ တယ် . ငါးမန်းလဲ တွေ့ တယ် . jelly fish လို့ ခေါ်တယ် ထင်တယ် . အဲ့ဒါလေးတွေလဲ တွေ့ တယ် . coconut crab ဆိုတာလဲ တွေ့ တယ် . ရုပ်ဆိုးဆိုး ငါးတွေ ရှိသလို ၊ ရုပ်ချောချော ငါးလေးတွေလဲ ရှိတာပဲ . ( မယုံသွားကြည့် တချို့ ငါးတွေက ဘာရုပ်ကြီးလဲ မသိဘူး )

ပြီးတော့ စုရပ်ကို ပြန်သွားပြီး ကားပြန်စီး . sentosa cineblast ကိုရောက်တော့ တန်းစီနေတာမှ အရှည်ကြီးပဲ . ဒါနဲ့  ဗိုက်ဆာပါတယ်လေ ဆိုပြီး subway မှာ sandwich အရင်စားကြတယ် . ပြီးတော့မှ Luge သွားစီးမယ်ဆိုပြီး လက်မှတ်ပြန်ဖြတ် ( သူက လက်မှတ်ပြန်ဖြတ်ရတယ် . ပိုက်ဆံတော့ ထပ်ပေးစရာ မလိုဘူးပေါ့ ) . ကျွန်မ ကတော့ Luge စီးရတာ ကြိုက်တယ် . ဒါပေမယ့် skyrider စီးရတာ မကြိုက်ဘူး . အမြင့်ကြောက်တဲ့လူ တစ်ယောက်အတွက် cable car က အလုံပိတ်မို့ တော်သေးတယ် . skyrider က ဟာလာ ဟင်းလင်းကြီး ဆိုတော့ တော်တော် အသည်းယားဖို့ ကောင်းတယ် . ကျွန်မ က မျက်စိကို မှိတ် မျက်နှာကို စာရွက်နဲ့ ကာထားပြီး ဘုရားစာ ရွတ် စီးရတယ် . ကြောက်လိုက်တာ ချွေးကို ပြန်နေတာပဲ . ဒါနဲ့  Luge နောက်တစ်ခေါက် ထပ်စီးချင်တာတောင် အဲ့ဒီ skyrider စီးရမှာ ကြောက်တာနဲ့ မစီးတော့ဘူး ..

ပြီးတော့ cineblast မှာ သွားတန်းစီကြတယ် . မိနစ် ၂၅ ၃၀ လောက် တန်းစီးပြီးတော့ ကိုယ့်အလှည့်ပေါ့ . ဘာမှတော့ မဟုတ်ပါဘူး . ထိုင်ခုံ လှုပ်တာလောက်ပါပဲ . နဲနဲတော့ စိတ်လှုပ်ရှားဖို့ ကောင်းတယ် . ဒါပေမယ့် အစစ်မဟုတ်ဘူး ဆိုတာ သိနေလို့ လား မသိဘူး . သိပ်တော့ မကြောက်ဘူး . တကယ်ပဲ Rollercoster ကို အဲ့လို အမြင့်ကြီး စီးရမယ် ဆိုရင်တော့ ကျွန်မ အပေါ်မှာတင် အသက်ပျောက်နေလောက်ပြီ . ( ကြောက်လို့  )

အဲ့ဒီက ပြီးတော့ ၃ နာရီ ထိုးနေပြီ . Dolphin show က ၃ နာရီ ၃၀ ဆိုတော့ အနီလိုင်းကို အပြေးသွားတန်းစီပြီး ဟိုကိုရောက်တော့ စခါနီးနေပြီ . ကျွန်မ တို့  ထိုင်ခုံမရဘဲ မတ်တပ် နဲ့ ပဲ နဲနဲ နေလဲရိပ် မြင်လဲ မြင်ရမယ့် နေရာကို ရတော့ ပွဲစတော့တာပါပဲ .

အမှန်တော့ အဲ့ဒီ Dolphin show ကို သူ့ ရဲ့  ပုံမှန်ဈေး ၂၂.၉၀ သာ ပေးကြည့်ရမယ်ဆို မတန်ဘူးလို့  ကျွန်မ ခံစားရတယ် . ဘာမှ မဟုတ်ဘူးလိုပဲ .

ပြီးတော့ ကျွန်မ တို့  Siloso Beach ကို ကားပြန်စီးပြီး သူများတွေ ကစားနေတာ ထိုင်ကြည့်ကြတယ် . အဓိကတော့ ကလေးတွေပေါ့ . ဗိုက်ဆာသလို ရှိတာနဲ့  pasta တစ်ပွဲမှာပြီး share စားလိုက်ကြသေးတယ် . နောက် ၆ နာ၇ီထိုးခါနီးတော့ Song of the Sea သွားကြည့်မယ်ဆိုပြီး အပြာရောင် ကားလိုင်းကို စီးပြီး Beach Station မှာဆင်း အပြေးအလွား ကိတ်စ သွားရှင်းလိုက်ရသေးတယ် . ( ဟမ် ဒါလဲ ထည့်ပြောတာပဲလို့ မတွေးနဲ့ နော် အကြောင်းရှိတယ် )

Song of the Sea လက်မှတ်ဖြတ်ဖို့  သွားတန်းစီတော့ ကိုယ့်အလှည့်ရောက်ဖို့  ရှေ့ မှာ ၂ ယောက်လောက်ပဲ ကျန်တော့တယ် ဆိုရော ပွဲက Full House ဖြစ်သွားပါပြီတဲ့ . ၉နာရီ ၄၀ ပွဲပဲ ကျန်တော့ပါတယ်တဲ့ . ဒါနဲ့  မကြည့်တော့ဘူးဟာ ဆိုပြီး cable car ပြန်စီးဖို့  အပြာလိုင်း ကားကို စောင့် တစ်မှတ်တိုင် စီး ၊ တန်းစီတဲ့ Q တန်းကို မြင်လိုက်တာ နဲနဲ လန့် သွားတယ် . ကျွန်မ စိတ်ထင် ကျွန်မတို့  အဲ့ဒီ မှာ တန်းစီတော့ ရ နာရီ မထိုးသေးဘူး . ကျွန်မတို့  ကားပေါ်ရောက်တာ ၈ နာရီ စွန်းစွန်း ( များလိုက်တဲ့ လူတွေ ဆိုတာလေ ) ဒါနဲ့  Vivo City ပြန်ရောက်တော့ ဗိုက်က ဆာနေပြီ . ညစာ စားဖို့ ဆိုင်လိုက်ရှာ စားပြီး သောက်ပြီး အိမ်ပြန်ရောက်တော့ ၁၁ နာရီ နီးပါးပါပဲ .

ဘာပဲဖြစ်ဖြစ် ကျွန်မ Sentosa ကို ရောက်ဖူးသွားသည်ပေါ့ .

Friday 9 January 2009

ဘ၀ ဘ၀ !!!!!!

အလုပ်ထဲမှာ အလုပ်များနေတာနဲ့ ဒီနေ့ မှပဲ ဘလောခ့် ဘက်ကို ခြေဦးပြန်လှည့်ဖြစ်တော့တယ် .

သူများတွေ နှစ်ကူးမှာ တချို့ လဲ ခွင့်တွေ ရကြ ၊ ရုံးတွေ ပိတ်ကြ ၊ ပြန်ကြ ၊ ခရီးထွက်ကြ နဲ့  ကိုယ့်မှာတော့ ရုံးမှာ အသံတောင်မထွက်နိုင်ဘူး . နှစ်ကုန်မို့ စာရင်းပိတ်နေရတာ အသက်တောင် နဲနဲ တိုချင်သွားတယ် . မနာလိုလိုက်တာနော် . :P

အရင်က အိမ်ပြန်ရောက်ရင် အူယားဖားယား ကိုရီးယား ကား စောင့်ကြည့်ဖြစ်သေးတယ် . ခုတော့ မျက်လုံးက တစ်ဝက်ပဲ ပွင့်တော့လို့  ထမင်းစားပြီးတာနဲ့ ကုတင်ပေါ် ရောက်တော့တာပဲ . ( ဒီတစ်သက်တော့ ၀ိတ်ကျဖို့ လမ်းမမြင်တော့ပါဘူးလေ . )

sudoku လဲ မကစားနိုင် ၊ စာအုပ်လဲ မဖတ်နိုင် ဘ၀ က အဲ့လို ဖြစ်နေတာ .

လာမယ့် ရုံးပိတ်ရက်ကျရင်လဲ ရုံးက လူတွေက သူတို့ နှစ်ကူးဆိုတော့ သူတို့ ကို ဦးစားပေးရအုံးမယ် . ခုကတည်းက ခွင့်တွေ တင်နေကြပြီ.

အင်းးးးးးးးးးး နားရအုံးမယ်တော့ မထင်ဘူးကွယ် .