Friday 13 March 2009

နှစ်ဦး အကြို .

တမြန်နေ့ က အလုပ်သွားဖို့ တိုက်ထဲက အထွက်မှာ ကိုယ်နဲ့ ရင်းနှီးတဲ့ ရနံ့ တမျိုး တိုးဝင်လာတယ် . လူက အရမ်း အလျင်လိုနေတာရယ် ၊ ပတ်ဝန်းကျင်က သဲသဲကွဲကွဲ မမြင်နိုင်သေးတာရယ်ကြောင့် သေသေချာချာ စဉ်းစားမနေနိုင်ဘဲ ရုံးကားစောင့်နေတဲ့ နေရာကို ဆက်လျှောက်သွားလိုက်တယ် .

ရုံးကအပြန် လမ်းအကူးမှာပဲ မနက်က ရနံ့ က ထပ်ပြီး တိုးဝင်လာတယ် . ပြီးတော့ ကားတစ်စင်း ဖြတ်သွားတိုင်း အ၀ါရောင် ပန်းကြွေတွေက လေရဲ့ နောက်ကို ဝှေ့ ကာ ၀ိုက်ကာ လိုက်သွားကြတယ် .

ဒါ ဘာရနံ့ ပါလိမ့်လို့ သိလိုက်ရချိန်မှာ ရင်ထဲမှာ လှိုက်ကနဲ ခုန်သွားတယ် . ပြီးတော့ ပျော်သွားတယ် . ချက်ချင်းလိုပဲ ၀မ်းနည်းခြင်းကိုပါတခါတည်း ခံစားလိုက်ရတယ် . ကျွန်မတို့ ရဲ့ နှစ်သစ်ကူး ရှေ့ ပြေး အကြို ၊ ကျွန်မတို့ မိန်းခလေးတွေရဲ့ ဆံကေသာထက်မှာ တစ်နှစ်မှ တစ်ခါသာ ပန်ခွင့်ရတဲ့ ပိတောက်ပန်းတွေပါလား . ပိတောက်ပွင့်ပြီဆိုတာ သိရတော့ နှစ်သစ်ကူး သင်္ကြန်ပွဲတော်လာတော့မယ်ဆိုတာကို တွေးပြီး ရင်ခုန် လှုပ်ရှားသွားရတယ် . ဒါပေမယ့် ကျွန်မ က ကျွန်မတို့ နိုင်ငံမှာ မဟုတ်ပြန်ဘူးလေ .

ဒီနှစ်ပါနဲ့ ဆိုရင် သင်္ကြန်မှာ ပွဲတော်ကို ပါဝင်ခွင့် မရတာ ၄ နှစ်ပြည့်သွားပြီ. လွမ်းတယ် သင်္ကြန်ရယ် ..

2 comments:

ကြယ်ပြာ said...

သင်္ကြန်ကို အမြဲပျော်တယ် ... ၀င်နွဲဖြစ်ဖြစ် မဖြစ်ဖြစ်ပေါ့ ... ဒီနှစ်ကူးတော့ပျော်နိုင်ပါ့မလားမသိ .... စိတ်အနှောက်အယှက်တွေဝင်နေလို့လေ .... သိတယ်ဟုတ် ... အစ်မဆို သင်္ကြန်ပွဲမနွှဲဖြစ်တာ ၁၀ စုနှစ်တခုတောင် ကျော်ခဲ့ပြီယုန်လေးရေ .....

Unknown said...

ပျော်နိုင်မှာပါ အမ ရယ် . နှစ်သစ်ကူးဆိုရင် အမြဲပဲ အကောင်းတွေကိုပေးနိုင်အောင် ၊ လူတိုင်းပျော်ရွှင်နိုင်အောင် ဘုရားက စောင့်ရှောက်ပါတယ် . အဆင်ပြေသွားမှာပါ အမ ..