Thursday 29 January 2009

Dragon Fruit OR နဂါးမောက်သီး


်
စိတ်ထဲမှာ တစ်ခုခု စားချင်သလို ဖြစ်တာနဲ့  ဘာစားရမလဲ စဉ်းစားတော့ အသီးတစ်ခုခု တော့ စားမယ်လို့  ဆုံးဖြတ်မိတယ် . ဒါနဲ့ ဘာရှိလဲ ဆိုပြီး ရှာတော့ တရုတ်နှစ်ကူး လက်ကျန် လိမ္မော်သီး တွေနဲ့  Dragon Fruit လို့ ခေါ်တဲ့ နဂါးမောက်သီး ကို သွားတော့တယ် . ဒါနဲ့ ပဲ နဂါးမောက်သီးကို ( အမှန်တော့ ဘယ်လို စားရမယ်မှန်း မသိဘူး အရင်က ခွဲပြီး အဆင်သင့်ပဲ စားဖူးတာလေ ) ဟို အကိုကြီး ကိုဘိုက် အဲ့လေ ကိုဘွိုင်းဇ် သင်ပေးထားတဲ့ အတိုင်း ထိပ် နှစ်ခုကို ဖြတ်ချလိုက်ပြီး အလယ်ကနေ ခွဲ ၊ ပြီးတော့ အခွံ လေးကို လက်နဲ့ အသာလေး တွန်းလိုက်တာ တစ်ခုလုံး ကွာကျလာရော . စိတ်ထဲမှာ အလဲ့ တယ်ဟုတ်ပါလားပေါ့ . ကိုယ့်ဟာကိုယ်ဆို မခွာတတ်လို့ အဲ့ဒါကို ကြိုးစားပမ်းစား ဓါးနဲ့ လှီးနေအုံးမှာလေ . ရှော်တာက အဲ့လို.. ပြီးတော့ မှာ တခါစားရုံ အတုံးလေးတွေ လှီး ပန်းကန်ထဲ ထည့်ပြီးတော့ ကွန်ပြူတာရှေ့ ကို ယူလာလိုက်တယ် .

ပါးစပ်ထဲတစ်တုံးကောက်ထည့်လိုက်တာ ချဉ်လိုက်တာ .. ကိုဘွိုင်းဇ် သင်ပေးထားတဲ့ အတိုင်း နီနီလေးတော့ ရွေးတာပဲ ကော . ကိုယ်မရွေးတတ်လို့ ပဲလား မသိဘူး . ချိုလဲမချိုဘူး . ( ဟီးဟီး လာဖတ်ပြီး ငါ့ကို ဆဲတော့မယ် ငါနဲ့ ဘာဆိုင်လို့ လဲ ဟ ဆိုပြီး ) မကောင်းကျောင်းပို့ ဆိုသလိုပေါ့ ကိုဘွိုင်းဇ် ရယ် . ဟဲဟဲဟဲ

ဒါနဲ့  စားသာ စားရ . ဘာကောင်းလဲ မသိဘူး ဆိုပြီး google မှာ သွားရှာပြီး ဖတ်ဖြစ်တယ် . ရေးထားတာတော့ အများကြီးပေါ့လေ . ကိုယ်ကတော့ ကိုယ်စိတ်ဝင်စားတာပဲ ဦးစားပေးဖတ်ပြီး အပေါ်က ပုံလေး ယူလာခဲ့တယ် .

Medicine
Dragon fruits reputedly improve eyesight and prevent hypertension. The seeds of the fruit supposed help in controlling blood glucose levels in people with non-insulin-dependent hyperglycaemic conditions (a kind of diabetes). It is also used to treat stomach and endocrine problems.

သူက အဲ့လို ရေးထားတယ် .. ဖတ်ရင်း ရေးရင်းနဲ့  စားလိုက်တာ တစ်လုံးလုံးကို ကုန်ရော . အဟိ .. အဆိပ်များဆို သေနေလောက်ပြီ.

1 comment:

Ko Boyz said...

သေချာပါတယ်...။
ဆဲမှာပါ...
ဘယ့်နှယ် သူ့ဟာသူ မရွေးတတ်တာကို မကောင်းကျောင်းပို့ အတော်ကိုလုပ်တတ်တာကုလား။
ရွေးမယ်ဆို အပုံထဲကို သေချာကြည့်လိုက်။
အနီဆို အနီရင့်ရင့်၊ နုနုလေးတွေ တွေ့မှာပါ...။
ရင့်တာလေးတွေပဲ ရွေးလာလိုက်ပေါ့။
တစ်ခါတစ်လေဆို အနီကနေ နီညိုရောင်များဆို ပိုကောင်း...။ ပိုချို...။
ခုတစ်လော နဂါးမောက်သီးများ ဈေးကြီးလာသလားလို့...။