Friday 30 January 2009

မြန်မာ ထမင်းဆိုင်

ဒီနေ့  မနက်စောစော ထပြီး PolyClinic ကိုပြေးရတယ် . ဆေးခန်းလဲ ပြရင်း သွေးလဲ စစ်ရင်း ဆိုပါတော့ .

ဆေးရုံ ဆေးခန်း လူစည်တတ်တယ် ဆိုတာ တကယ်ပဲနော် . ဆရာဝန်နဲ့ ပြဖို့ လဲ စောင့် ၊ သွေးစစ်တော့လဲ စောင့် ၊ ပိုက်ဆံချေတော့လဲ စောင့် . မနက် ၈ နာရီမတိုင်ခင်က ဆေးခန်းရောက်တယ် . အိမ်ကိုပြန်ရောက်တော့ ၁၁ နာ၇ီ ခွဲနေပြီ .

ထားပါတော့ ကျွန်မ ပြောချင်တာက အဲ့ဒါ မဟုတ်ဘူး . ထုံးစံ အတိုင်း လိုရင်း မရောက်ဖြစ်တော့မယ် .

ကျွန်မ တို့  အိမ်နားမှာ မြန်မာဆိုင် နှစ်ဆိုင် ရှိတဲ့ အကြောင်း ကြော်ငြာ ချင်လို့ ပါ . ပထမ တစ်ဆိုင်က တိုက်နံပါတ် ၃၂၅ မှာ ရှိပြီး ဆိုင် နာမည်က ကံကောင်း ပါတဲ့ . ဒုတိယ တစ်ဆိုင်ကတော့ တိုက်နံပါတ် ရှာတာ မတွေ့ လို့  ရှာလို့ လွယ်အောင်ပြောရရင် မြန်မာ ကုန်စုံဆိုင် ဖြစ်တဲ့ ကောင်းစုံ ရှိတဲ့ တိုက်ပဲ ဖြစ်ပါတယ် . ဆိုင်နာမည်က ရွှေမန္တလေး ပါတဲ့ . နှစ်ဆိုင်စလုံး ကလန်းမန်းတီး အမ်အာတီမှာ ဆင်းပြီး ညာဘက်ကို ထွက် လမ်းလျှောက်ရင် ရောက်ပါတယ် . ဆိုင်လေးတွေက နဲနဲ သေးတော့ ရှာရတာ နဲနဲတော့ လက်ဝင်တာပေါ့နော် . အတွင်းကို သေချာလှမ်းကြည့်မယ် ဆိုရင်တော့ မြင်ရပါတယ် .

နှစ်ဆိုင် စလုံး ဆက်ဆံရေးကောင်းတဲ့ အပြင်ကို ချက်ထားတာလဲ မဆိုးပါဘူး . ကံကောင်းက အိမ်ချက်နဲ့ တူပြီး ရွှေမန္တလေးကတော့ ဆိုင်ချက် အရသာ ထွက်ပါတယ် .

ဒီနေ့ မနက် ရွှေမန္တလေးမှာ ကျွန်မ မုန့် ဟင်းခါး စားလာတာ ကောင်းပါတယ် . ငါးများပြီး အရသာက လေးလေးပင်ပင် ရှိပါတယ် . ထမင်းစားကြည့်တော့လဲ ဟင်းတွေ အရသာ မဆိုးတာကို တွေ့ ရပါတယ် .

Blog ကြွလာမိတ်သဟာ တို့  Clementi ဘက်များ ရောက်ခဲ့မယ် ဆိုရင် ၊ မြန်မာဟင်း ထမင်းလေးလဲ စားချင်စိတ်ရှိတယ် ဆိုရင် စားလို့ ရအောင် ညွှန်လိုက်ပါတယ် ရှင် .

No comments: