ချစ်သူ့  လက်ဆောင်
ဒီနေ့ က February 14 ၊ အနောက်နိုင်ငံကစလို့  ကမ္ဘာတစ်ဝှမ်းလုံး သတ်မှတ်ထားတဲ့ ချစ်သူများနေ့ ပေါ့ .
မနေ့ ကညကတည်းကိုက တချို့ ချစ်သူအတွဲတွေမှာ ပန်းစည်းလေးတွေ ကိုယ်စီ ကိုယ်စီ ကိုင်ပြီး အမ်အာတီမှာ bus car ဂိတ်မှာ Taxi Stand မှာ တိုးတိုး တိုးတိုး တစ်ဦး နဲ့ တစ်ဦး ကြင်ကြင်နာနာ ယုယုယယ နဲ့ တွေ့ နေရတယ် .
ကျွန်မ ဒီနေ့  ဂျီတော့ခ် ၀င်လိုက်တော့ သူငယ်ချင်းတွေက ကျွန်မကို ဘာအစီအစဉ် ရှိလဲ ဆိုပြီး လာလာမေးကြတယ် . ဒါနဲ့  သူတို့ ကို ရှိတယ် ညနေကျမှ Dinner သွားစားမယ်ဆိုပြီး သူတို့ ကိုလဲ ပြန်မေးဖြစ်တယ် .
ချစ်သူက ပြီးခဲ့တဲ့ အပတ်ထဲက ကျွန်မကို ဒီနှစ် Valentine Day အတွက် လက်ဆောင်ပေးထားပြီးသား . ကျွန်မတို့ နှစ်ယောက်ရဲ့  တတိယ အကြိမ်မြောက် Valentine Day လေးပေါ့ . ပထမဦးဆုံး နှစ်က နှစ်ယောက်စလုံး မွဲတေ နေကြတော့ နှစ်ယောက်သား အမှတ်တရ လက်ဆောင်မပေးဖြစ်ပဲ နေ့ လည်စာ ပဲ တူတူ စားဖြစ်တယ် .
ပြီးခဲ့တဲ့ နှစ်ကတော့ ကြားရက်ကြီး ဆိုတော့ နှစ်ယောက်သား မြို့ ထဲမှာ ချိန်းပြီး ကျွန်မကလဲ လက်ဆောင် ၀င်ဝယ် ၊ သူကလဲ လက်ဆောင် ၀င်ဝယ် နှစ်ယောက်သားတွေ့ လို့ လက်ဆောင်ဖလှယ်ကြချိန်မှာ အံ့သြစွာနဲ့ ပဲ ကျွန်မတို့ ရဲ့  စိတ်ကူးတွေ တူညီနေကြတာကို တွေ့ ရတယ် . ကျွန်မတို့ နှစ်ယောက်စလုံး MP3 အဖြူရောင်လေးတွေ ဆင်တူ ၀ယ်ဖြစ်တယ် .
ဒီနှစ်တော့ သူက ကျွန်မ ကို ကိုယ်တိုင်ရွေးခိုင်းပြီး လက်ဆောင်ပေးခဲ့တယ် . ဒီပို့ စ်လေး ရေးရင်းနဲ့ ချစ်သူကို တခါတည်းပဲ ကျေးဇူးတင်ကြောင်း ဒီနေရာလေးက အသိပေးပါရစေ ..

သူငယ်ချင်းတွေကို တခါတည်း ကြွားလိုက်တယ် . အမြင်ကတ်ကတ်နဲ့  သည်းခံကြပါနော် . :P

6 comments:
ပျော်နိုင်သူတွေပျော်ကြပါ ပျော်ကြပါ ... လက်ဆောင်လေးကလှပါတယ်ဗျို့ .....
ကျုပ်တို့ကတော့ အဝေးကြီးမှာ ...
လွမ်းရစ်တာ ... အဟိ
ဟိဟိ မလဲ မကြာခင် ပျော်ရပါစေ လို့ ဆုတောင်းပေးပါတယ်နော် ...
ကြွားတယ်တော့
ha ha!
Don't jealous me hor....
အချစ်ဆိုတာတစ်ကယ်တမ်းကျတော. အဆိပ်ငွေ.မိတာနှင်.တူပါတယ်လို.ပြောချင်ပါတယ်။ အချစအ်ဆိတ်မိရင် ဖြေဆေးကတစ်ခုဘဲရှိပါတယ်။ အဲ.ါးရယူပိုင်ဆိုင်ခြင်းဆိုတဲ.စကားစု ကပိုပြီးမှန်ပါလိမ်.မယ်။ ချစ်တဲ.သူတိုင်း အတူနေခွင်.ရချင်ရင်တော. ပရမ်းပတာ အဆိတ်ငွေ.ကိုတော.ရှောင်ရပါလိမ်.မယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ.ကအနောက်နိုင်ငံတွေမှာ ချစ်သူများနေ.လို.ဘာလို.သက်မှတ်တယ်ဆိုတာသိရင် ................................................................ကိုယ်ကိုတိုင်အချစ်ကိုတန်ဖိုးထားတက်မှသိလိမ်.မယ်လေ။
Post a Comment