Saturday 15 March 2008

ခံစားချက်တို့ ကွန်းခိုရာ အိမ်

ကျွန်မ ဘလော့ခ် လေးကို သော့ခတ် သိမ်းထားမိတာ တော်တော်ကြာသွားခဲ့ပြီ .
ရေးချချင်သော အကြောင်းအရာ များ ရှိသော်လည်း ကျွန်မ မရေးချခဲ့မိပါ . စာရေးချင်စိတ်ပေါ်တဲ့ အချိန်မှာ ကွန်ပြူတာ ရှေ့ မှာ ရှိမနေတာက တမျိုး ၊ ကွန်ပြူတာ ရှေ့ မှာ ရှိနေသော်လည်း ကိုယ်ရေးချင်သော အကြောင်းအရာကို ရေးချလိုက်ဖို့ အဆင်မပြေခြင်းက တဖုံ ကြောင့် ကျွန်မ ရဲ့  နားခိုရာ နေရာလေးကို ကျွန်မ အလည်အပတ် သဘောမျိုးနဲ့ တောင် မရောက်ဖြစ်ခဲ့ဘူး .

တစ်ရက် ကျွန်မ စဉ်းစားမိတယ် . ဒီနေရာလေးဟာ ကျွန်မ ရဲ့ အိမ် ကလေးနဲ့ တူတယ်လို့  . ကျွန်မ တို့ ရဲ့  အိမ်ဆိုတာ မျိုးက ကျွန်မ တို့ ကို နွေးထွေးလုံခြုံမှု ပေးရာ ၊ အေးချမ်းသော အရိပ်အာဝါသ ပေးရာ ၊ အပမ်းဖြေ နားနေဖို့ နေရာ စတဲ့ အချက်တွေနဲ့ ပြည့်စုံတယ် မဟုတ်လား . အကြောင်းမတိုက်ဆိုင်လို့  အိမ်ကို မပြန်ဖြစ်အုံးတော့ ကိုယ် ပြန်နိုင်တဲ့ အချိန်မှာ အဲ့ဒီ အိမ်ဟာ ကျွန်မတို့ ကို နွေးထွေးစွာ ကြိုဆိုပြီး နားနေခွင့် ပေးတဲ့ နေရာလေး တစ်ခု အဖြစ် အမြဲ တည်ရှိနေတတ်ပါတယ် .

ခုလဲ ကျွန်မ ပိုင်ဆိုင်တဲ့ ဒီ တိတ်ဆိတ်စွာ ဆိုတဲ့ ကျွန်မ ရဲ့ အိမ်ကလေးဟာ ကျွန်မကို နွေးထွေးစွာ ကြိုဆိုနေပါတယ် . ကျွန်မ ရဲ့ အောင်မြင်မှု ၊ ရှုံးနိမ့်မှု ၊ ကျွန်မ ဘ၀ ရဲ့  အနိမ့် အမြင့် အားလုံးကို ကျွန်မ ရဲ့  အိမ်ကလေးထဲမှာ ကျွန်မ ကို သိမ်းဆည်းခွင့်ပေးခဲ့တယ် . ကျွန်မ ခံစားရတာတွေ ကျွန်မ ပျော်ရွှင်ရတာတွေ ကျွန်မ လောင်ကျွမ်းခံခဲ့ရတာတွေ ကျွန်မ စိတ်ကြည်လင် ချမ်းမြေ့ခဲ့ရတာတွေ အားလုံးကို အိမ်ကြမ်းပြင်ထက်မှာ သွန်ချခွင့်ပေးခဲ့တယ် .

ကျွန်မ ရဲ့  ဘူမိနတ်သံ ဒီနေရာလေးကို ကျွန်မ ကျေးဇူးတင်ပါတယ် . ကျွန်မ ကို စိတ်ထွက်ပေါက် တစ်ခု ပေးခဲ့တဲ့ အတွက်ပါ .

No comments: