Sunday 23 March 2008

အချိန်

လူတစ်ယောက် ရဲ့  ဘ၀ မှာ ထိတ်လန့် စရာ အဖြစ်အပျက် တစ်ခုကို ကြုံတွေ့ လိုက်ရတဲ့ အခိုက်အတန့် မှာ သူဟာ သူ့ ရဲ့  အိမ်မက်ဆိုးက နိုးထ နိုင်ဖို့ အတွက် အချိန် အတိုင်းအတာ တစ်ခု လိုပါတယ် . အဲ့ဒီ အချိန်ဟာ တစ်ရက် သို့ မဟုတ် တစ်လ သို့ မဟုတ် တစ်နှစ် သို့မဟုတ် ၁၀ နှစ် လည်း ဖြစ်နိုင်သလို ၊ သူ ရဲ့  ဘ၀ တစ်သက်တာလုံးလည်း ဖြစ်ချင် ဖြစ်သွားပါလိမ့်မယ် .သူ့ ရဲ့  နဂို ဘ၀ ၊ နဂို စိတ်အခြေအနေ တစ်ခုကို ပြန်ရောက်ဖို့ ကျွန်မ တို့ တွေ ဟာ သူ့ ကို အချိန်မပေးသင့်ပါဘူးလား . ကူကယ်ရာမဲ့နေတဲ့ လူတစ်ယောက်ကို လက်တစ်ဖက် ကမ်းပေးလိုက်ဖို့  ၀န်မလေးတဲ့ လူတွေ ရှိသလို ၊ မြောင်းထဲကို ကန်ချဖို့ ကြိုးစားနေတဲ့ လူတွေလည်း ရှိပါလိမ့်မယ် . တချို့ ကျတော့ နားလည်မပေးတတ်ခြင်းပါ . မကူညီ သလို ၊ တွန်းလည်း မချပါဘူး ဆိုပေမယ့် ထိုသူ တို့ ရဲ့  နားလည်မပေးတတ်ခြင်းဟာ သူ့ ကို ပိုပြီး အကျပ်အတည်းဖြစ်စေပါတယ် . သူ့ အတွက် အနှောင့်အယှက် တစ်ခု ဖြစ်စေပါတယ် . သူ့ ရဲ့ ကြိုးပမ်းမှု ကို အသိအမှတ် မပြုဘဲ စကားတင်း ဆိုနေတာကရော …. လောကမှာ အသက်ရှူပုံ ကွဲပြားတဲ့ လူတွေ အများကြီး ရှိနေသရွေ့ ကာလပတ်လုံး အိမ်မက်ဆိုး ရှည်သူတွေ ရှိသလို ၊ အိမ်မက်ဆိုးက ရုန်းထွက်နိုင်သူတွေ ၊ အိမ်မက်ဆိုး မမက်ဘူး သေးသော သူတွေ အများကြီး ကို ကျွန်မ တို့ ကြုံတွေ့ ရအုံးမှာပါ .

1 comment:

hana san said...

ပစ်တိုင်းထောင်ရုပ်လေးတွေကို အရမ်းသဘောကျတာ။
သူ့ကိုလဲအောင် ပစ်ပေါက်လိုက်ပေမယ့် ဘယ်တော့မှမလဲဘဲ ပြန်ထောင်မတ်လာတာပဲ။ မျက်နှာလေးကလည်း ပြုံးနေသေးတယ်။
ဟော...ခု ပစ်တိုင်းထောင်လေး တစ်ယောက် ဘလော့ဂ်ပြန်ရေးနေပြီ