Tuesday 23 December 2008

Vampire ချစ်သူ



ပြီးခဲ့တဲ့ စနေနေ့ က ရုပ်ရှင်သွားကြည့်ဖြစ်တယ် . Twilight ကိုပေါ့ . သူက vampire နဲ့ လူနဲ့  ချစ်မိသွားတဲ့ ဇာတ်လမ်းလေးပေါ့နော် . ရုပ်ရှင်ကြည့်မယ်ဆိုတော့ ဘာကြည့်ရမှန်းလဲ မသိတာနဲ့  နောက်ဆုံးတော့ အဲ့ဒီကားလေးပဲ ရွေးဖြစ်သွားတာ . စစကြည့်တော့ ပျင်းဖို့ ကောင်းသလိုပဲ . မင်းသား ပေါ်လာတော့လဲ ဒီမင်းသား ချောလဲ မချောဘူးပေါ့လေ . ပြီးတော့ သူက vampire ဆိုတော့ မျက်နှာက ဖြူဖတ်ဖြူရော်နဲ့  ကြည့်ရတာ လူမမာ ကြည့်နေရသလိုပဲပေါ့ . ဇာတ်လမ်း တစ်ဝက်လောက်ရောက်တော့ မင်းသားကို ကြည့်ရင်း ကြည့်ရင်း ဆွဲဆောင်မှု ရှိလာသလို ခံစားရတယ် . ( စိတ်တွေများ ဖောက်ပြန်နေတာ အဲ့လို ) ဇာတ်လမ်းလဲ ဆုံးသွားရော ကိုယ့်ဘာသာကိုယ်တောင် vampire နဲ့ ရည်းစားဖြစ်ကြည့်ချင်သလိုလို ကို ဖြစ်လာတယ် . ကိုယ့်ရည်းစား များ ကိုယ့်စိတ်ကူး သိရင် ဖနောင့်နဲ့ ထပေါက်ချင်မလား မသိဘူး ရယ် . :D

ခုချိန်ထိ အဲ့ဒီ ကားကို ဆက်ပြီး ကြည့်ချင်နေတုန်းပဲ . ဇာတ်လမ်းကတော့ ဆက်ရန် ရှိသေးသည် ဆိုတဲ့ သဘောမျိုးလေးနဲ့ အဆုံးသတ်ထားတယ် . မင်းသား နာမည် က Robert Pattinson တဲ့ .

2 comments:

ကြယ်ပြာ said...

အစ်မ မကြည့်ရသေးဘူး ... စိတ်တော့ဝင်စားသား ... သွားကြည့်ရမှာတော့ပျင်းနေတယ် ...

Anonymous said...

သွားကြည့်အမ . မဆိုးပါဘူး . ကြည့်ပျော်တယ် .